By pass with google

ကျော်ရန် ခွရန် အမှန်အကန် ပေါ့။ အသုံးတဲ့ မှာပါ။ သိပ်ကြီး ရှည်ရှည် ဝေးဝေး ပြောပြနေရင်လည်း အပြစ် ဖြစ်နေပါဦးမယ်။ စိတ်ဝင်စားရင် သုံးကြည့် အကျိုးရှိရင် သိမ်းထားလိုက်ပေါ့။

Google ပေးထားတာပါ။ Template အလှအပ တွေတော့ ခံစားလို့ မရတော့ပေမယ့် အရမ်းမြန်တယ်။ Bookmarks ထဲ သိမ်းထားသင့်တဲ့ လိပ်စာလေးပါဘဲ။



အပေါ်က box ထဲမှာ block site တစ်ခုလောက် ရိုက်ပြီး enter ခေါက်ကြည့်ပါ။ ဒီမှာတော့ မှောင်နေလိမ့်မယ်။ လိပ်စာက...
" http://www.google.com/gwt/n " နှစ်သက်ရင် ယူသွားလှည့်ပါ။ IP block ဆိုရင်တော့ မရပါဘူး။

Read Full Magazines for Free on your Desktop

ဒီရက်ထဲ apple နဲ့ အကြောင်းပါ ရေစက်ရှိနေလားမသိဘူး။ Safari နဲ့ magazine တွေဖတ်လို့ရတဲ့ နည်းသွားတွေ့တယ်။ U.S News & World Report, Playboy, Penthouse, Saveur, Popular Photography, Mens Health, Kiplinger`s, Car and Driver, PC Magazine, Elle, Technology Review, Outside, Macworld, Esquire, NME, Macworld Espanyol, Lonely Planet, Reader`s Digest, Viv, Kinlinger`s, Popular Mechanic တွေ ဖရီး ဖတ်နိုင်တယ်။ Playboy တို့ Penthouse တို့လို adult magazine ဖတ်ဖို့ 18+ ပြသနာတော့ အနော်အပါဘူး :)

မဂ္ဂဇင်းတွေဖတ်ဖို့ Safari 3 ကို apple မှာ ဒေါင်းလုဒ်လုပ်ရပါမယ်။ Firefox မှာစမ်းတာ မရဘူး။ Safari က mac သမားတွေတော့ ရှိကြပြီးသားပါ။ IE,Opera တို့ထက်မြန်တယ်။
Safari install ပြီးရင် Edit\preferences\advanced ကိုသွားပြီး Show Develop menu in menu bar ကို အမှန်ခြစ်လေး ပေးလိုက်ပါ။

ဒါဆို Titile bar မှာ Develop ရောက်နေပါမယ်။
Develop\user agent\mobile safari 1..1.3-Iphone ကိုရွေးပေးပါ။

Address bar မှာ zino.com/iphone ရိုက်ပြီး enter ခေါက်လိုက်ရင် မဂ္ဂဇင်း 20 ပေါ်လာပါမယ်။

နှစ်သက်ရာ ကလစ်နှိပ်ပြီး သဘောရှိ ဖတ်နိုင်ပါပြီ။ တစ်ခုရှိတာက select လုပ်ပြီးရင် ပုံသေးလေးဘဲ ပေါ်ပါတယ်။ arrow key လေးနဲ့ pages တွေလှန်လှောပြီး လိုချင်တဲ့ စာမျက်နှာရောက်မှ ကလစ်ထက်ခေါက်ရင် ပုံကြီးပေါ်လာပါမယ်။ စဆုံးကြည့်မယ် ဒေါင်းလုဒ် လုပ်မယ် ပရင့်ထုတ်မယ် ဆိုရင်တော့ မျက်နှာဖုံး ပုံသေးကို ပုံကြီးချဲ့ပြီး contents ရှေ့က arrow key လေးနဲ့ သွားရုံပေါ့။ resolution လည်းကောင်းတယ်။ ကွန်နက်ရှင် မကောင်းရင်တော့ reload လေးနဲ့ ပြန်ခေါ်ပေးပေါ့။

ကဲ ကမ္ဘာကြီး ဘာတွေ ပြောင်းလည်း တိုးတက် လာသလဲ မြန်ဆန် လွယ်ကူစွာ လေ့လာနိုင်ကြပါပြီ။.

Iphone 2.0 upgrade,unlock and jailbreak

Iphone 2.0 upgrade ရသွားပါပြီ။ ဘာ error မှမပြဘဲ unlock လုပ်နိုင်ခဲ့ပါတယ်။ Iphone/Ipod touch version မြှင့်ချင်သူတွေ အတွက် လက်တို့လိုက်တာပါ။ 3g တွေတောင် ရပါပြီ။

Downgrade တုန်းက itunes 7.5 ကို ပြန်ဖြုတ် restart ချ လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ ဒေါင်းလုဒ်လုပ်တာပေါ့။

လိုအပ်တာက ms .net 2.0 ရယ် iphone firmware 2.0 ရယ် winpwn 2.0.0.3 ရယ် itunes 7.7 ရယ် bootloader 3.9,4.6 ရယ်ပါ။
firmware 2.0 က 2g နဲ့ 3g ခွဲပါတယ်။ mac အတွက် pwnage 2.0 ကိုသုံးပါတယ်။

အားလုံး install လုပ်ပြီးတော့ desktop မှာ pwnage folder ဆောက်ပြီး bootloader file နှစ်ခုနဲ့ firmware 2.0 file ကိုထည့်လိုက်ပါတယ်။

winpwn ကို run ပါတယ်။

browse .ipsw ကိုနှိပ်ပြီး pwnage folder ထဲက iphone 2.0 file ကိုရွေးပေးပါတယ်။


ပြီးရင် IPSW BUILDER ကိုနှိပ်ရတာပေါ့

IPSW BUILDER Windows မှာ application ကိုဝင် install cydia နဲ့ you tube activation fix ကို အမှန်ခြစ်ရွေးပေါ့။

IPSW BUILDER Windows မှာဘဲ custom images ကိုသွား use custom pictuare ကိုရွေးရပါတယ်။

search online နှိပ်လိုက်ရင် bootlogo 60 မှာနှစ်သက်ရာ ရွေးတာပေါ့။ offline ဆိုရင် တော့ မရွေးဘဲထားခဲ့နိုင်တာဘဲ။

IPSW BUILDER Windows မှာဘဲ custom payload ကို ထားခဲ့ပြီး advanced tab ကိုသွားပါတယ်။
activate phone,enable baseband update,neuter bootloader 3.9/4.6 နဲ့ unlock baseband ကို အမှန်ခြစ် ရွေးပေးပါတယ်။

အဲဒီအောက်မှာဘဲ bootloader တွေ မရွေးသေးရကြောင်း တွေ့ရပါတယ်။ Bootloader 3.9 file ခလုပ်ကိုနှိပ် pwnage folder ထဲက BL 39 ရွေးလိုက်တယ်။ BL 4.6 လည်း ဒီအတိုင်းပေါ့။


ဒါဆို အောက်ဆုံးက Build .ipsw ကို နှိပ်လို့ရပြီ။ ဘယ်မှာ save လုပ်မလဲဆို ရှာရလွယ်အောင် pwnage folder မှာဘဲ သွားသိမ်းလိုက်တယ်။

၁၀ မိနစ်လောက် စောင့်ပြီးရင် IPSW file created ဖြစ်သွားတယ်။

desktop ပေါ်က pwnage folder ထဲမှာ custom iphone 2.0 file အသစ်တိုးနေပါတယ်။

ဆက်ပြီး IPWNER ခလုပ်ကို ထပ်နှိပ်ရပါတယ်။ မနှိပ်မိရင် error 1600 to 1602 တက်လာတယ် ဆိုပါတယ်။ ပြန်လုပ်နေရမှာပေါ့။

ခဏနေတော့ you itunes has been pwned! လို့ ကြေငြာလာတယ်။

ဒါဆို winpwn လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။
ဆက်လုပ်ရတာက iphone ကို ကွန်ပြူတာနဲ့ ဆက်သွယ် ပြီးရင် ပါဝါ ပိတ်ပေါ့။ ဖုန်းထဲမှာ သုံးမယ့် ဖုန်းကဒ် ထည့်ထားရပါမယ်။
DFU mode ကိုဝင်ဘို့ power နဲ့ home bottom ကို တစ်ပြိုင်တည်း ၁၀ စက္ကန့် ဖိထားမယ်။
ပြီးရင် power ကိုဘဲ လွှတ်ပြီး home ဆက်ဖိထားမယ်။ ကွန်ပြူတာမှာ ဘိဖ်သံပေးပြီး itunes windows တက်လာမှပြန်လွှတ်တယ်။

recovery message လေးတက်လာရင် ok နဲ့ ပိတ်-ပြီးရင် shift ကို ဖိထားပြီး restore ကို click ခေါက်တော့ restore file ရွေးဘို့ windows လေးတက်လာတယ်။

pwnage folder ထဲက custom iphone 2.0 file ကို ပြန်ရွေးပေးရင် itunes က restore လုပ်သွားပါတယ်။

restore လုပ်ငန်းစဉ်ပြီးတော့ iphone 2.0 ဟာ unlocked and jailbroken ဖြစ်နေတာတွေ့တော့ တော်တော် ပီတိဖြစ်သွားတယ်။ ပင်ပန်းရတာ တန်သွားတယ်။
GSM card ပြောင်းထည့်တော့ ok ဘဲ any sim ဖြစ်နေတယ်။ download နဲ့ internet browse ပိုင်းကိုတော့ cafe မှာ သွားစမ်းမှ ထူးခြားတာ သိရမယ်။
ကျေးဇူးတင်လို့ developer ကို donate လုပ်မလို့ account မရှိတာနဲ့ ရှဲရှဲနီ လုပ်ပြီး free kick လိုက်တယ် ဟီး..ဟီး...

Downgrade Iphone 2.0 to 1.1.4

Iphone 2.0 ပြသနာတော့ အဆင်ပြေသွားပါတယ်။ firmware 1.1.4 ကို downgrade လုပ်လိုက်တယ်။ Jailbreak iPhone 2.0 with PwnageTool 2.0.0.3 ထွက်နေတာ အသိနောက်ကျလို့ မစမ်းလိုက်ရဘူး။ နောင် အချိန်ရရင်စမ်းကြည့်ဦးမယ်။ ခုတော့ downgrade iphone 2.0 to 1.1.4 မှတ်တမ်းလေးပေါ့။ iphone hacker တွေ dev တွေ ကောင်းမှုနဲ့ ချောချော မွေ့မွေ့ ပါဘဲ။ မသိသေး မတတ်သေးရင်သာ ခက်နေသလိုပါ။

ကျွန်တော်က iphone firmware 2.0 download လုပ်မိတာ ဆိုတော့ downgrade အတွက်လိုအပ်တာကို ရှာကြည့်တယ်။

iphone 1.1.4 162.0mb
ms .net framework 2.0 19.7mb
ziphone 3.0(windows) 18.7mb
itunes 7.5 51.8mb တို့ကို အရင် install လုပ်ပါတယ်။

မူလက itunes 7.7 ကို uninstall လုပ်ပြီး restart ချလိုက်ပါတယ်။ itune 7.5 နဲ့ ms .net ကို install လုပ်ပြီး ziphone ကို zip ဖြေလိုက်တယ်။
My Music folder ကိုသွားပြီး itunes music folder ထဲမှာ library file နှစ်ခုကို delete လုပ်လိုက်ပါတယ်။ အဓိက ကတော့ .itl file ပါ။
itunes ကိုဖွင့်ရင် delete လုပ်လိုက်တဲ့ဖိုင် create လုပ်မလားမေးလာတယ် ok ပေါ့။

phone ကို USB ကြိုးတပ်ပြီး power ပိတ်လိုက်တယ်။ ပြီးရင် power နဲ့ home key ကို တစ်ပြိုင်နက် နှိပ်ထားပြီး ၁၀ စက္ကန့် စောင့်ပါတယ်။ ပြည့်ရင် power ခလုပ်ကိုဘဲ လွှတ်ပြီး home ကို ဆက်ဖိထားပါတယ်။
ခဏနေ ကွန်ပြူတာမှာ ဘိဖ် သံပေးပြီး itunes နဲ့ ချိတ်ဆက်သွားပါတယ်။ ဒါဆို home ကိုလွှက်လို့ရပြီ။
itunes မှာ shift ဖိထားပြီး restore ကို click ထောက်လိုက်ရင် pop up windows လေးပေါ်လာပါတယ်။ အဲဒီမှာ download လုပ်ထားတဲ့ iphone 1.1.4 file ဆီသွားပြီး ရွေးပေးလိုက်တယ်။
သူ့ ဘာသာ restore လုပ်သွားတယ်။

ပြီးရင် phone ကို lock ဖြေဖို့ ziphone ကိုသုံးပါတယ်။ zip ဖြေထားတဲ့ ziphone folder မှာ သော့ပုံ လေးကိုနှိပ်ပြီး run လိုက်တယ်။
Do it all ကိုနှိပ်လိုက်တော့ ziphone က lock ဖြေပြီး activate လုပ်နေပါတယ်။ message box မှာ Done ဆိုရင် iphone downgrade and activate လုပ်ငန်းစဉ်ပြီးဆုံးသွားပြီ။
ဒီလိုနဲ့ iphone ဇာတ်လမ်း ပြီးဆုံးသွားတယ်။ 2.0 unlock ဖြေတာ အဆင်ပြေရင် တော့ ရှယ်ပေါ့ဗျာ။

ဒီအခက်အခဲကိုဖြေရှင်းဘို့ iphonehacker,modmyifhone and youtube တို့မှာလေ့လာပါတယ်။

AT&T account failure

လာလည် ကြသူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီရက်တစ်ချို့တော့ ပိုစ့်အသစ် မတင်နိုင်သေးပါဘူးဗျာ။ Iphone 2.0 upgrade လုပ်လိုက်တာ activate ပြန်လုပ်ခိုင်းလို့ တန်းလန်းကြီး ရပ်နေတယ်။ DVD John ကလည်း version နိမ့်မှာသာ hack နိုင်သေးတော့ မရဲတရဲနဲ့ သူ့နည်းဟောင်းကိုဘဲ စမ်းရတော့မယ်။ ခု download တွေလုပ်နေရင်း ဒီအကြောင်းလေး စာစီ မိတာပါ။
ကူညီနိုင်သူရှိရင်လည်း ကူညီကြပါဦး။ အကြံဥာဏ် လမ်းညွှန်မှု လေးဘဲ ဖြစ်ဖြစ်ပေါ့။

Itune 7.7 နဲ့ Iphone 1.1.4 ကို online update လုပ်လိုက်ပါတယ်။ မူလ AT&T simcard နဲ့ activate ပြန်လုပ်ခိုင်းလာတယ်။ ပြသနာက credit card ဖြည့်စရာမရှိတော့ activate မရဖြစ်သွားတယ်။
ကွန်ပြူတာမှာလို format ချလို့ရမယ့်နည်းများ တွေ့မလားရှာရတာ အမောဘဲ။ Downgrade လုပ်နိုင်ဘို့လည်း ပြူးပြဲရှာနေတာဘဲ။ emergancy mode မှာဘဲရပ်နေတော့ ခက်သားလား။

ခု ms .net framework 2.0 နဲ့ itune 7.3.0.54 ကိုတင်ပြီး DVD John နည်းစမ်းကြည့်ဦးမယ်။
1.1.4 လည်းဒေါင်းလုဒ်လုပ်ထားတယ်။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ ဝေးတယ်။
new version က hack ရခက်အောင် လုပ်ထားမှာပေါ့။ ကိုယ့် ဖုန်း မဟုတ်တော့ သိပ်ကြာအောင် နေလို့ကမရတော့ ခေါင်းထဲ သန်းစွဲသလိုလို ဗောက်ထသလိုလို ဖြစ်နေတယ်။
Mac မှာ သုံးနိုင်တဲ့ နည်းတွေရှိရင်တော့ mac သမားရှာရဦးမယ်။ ဆရာ့ ဆရာ ကိုဟက်ကာတွေ ရှာပုံတော်ဖွင့်ရမှာမို့ ဒီရက်တော့ စာတွေ မရေးဖြစ်သေးဘူးထင်တယ်။

ဒီကိစ္စလေး မြန်မြန်ရှင်းလိုက်ဦးမယ်။ သိထားတာလေးတွေလည်း ပြောပေးကြပါဦး။

Block Websites

IE user တွေ သုံးလို့ရပါတယ်။ ကိုယ့်ကွန်ပြူတာမှာ ဆော့ဖ်ဝဲလ်မပါဘဲ ၀က်ဆိုဒ်တွေကို ပိတ်ပစ်တာပါ။ family safety အဖြစ်ဘဲကောင်းပါတယ်။ ရုံးတွေ ကျောင်းတွေ ဆိုင်ဘာတွေမှာတော့ မလုပ်ကောင်းပါဘူး။ သူတပါးက ဒီနည်း သုံးထားရင်လဲ ကျော်လွှား သို့ ဆင်ခြင်နိုင်တာပေါ့။

C:\WINDOWS\system32\drivers\etc ကိုသွားလိုက်ရင် "hosts" ဖိုင်ကိုတွေ့ပါမယ်။ Notepad နဲ့ ဖွင့်လိုက်ပါ။

"127.0.0.1 localhost" ကိုအောက်နားမှာ တွေ့ရပါမယ်။ အဲဒီအောက်မှာ ကိုယ်ပိတ်ချင်တဲ့ ဆိုဒ် ပေါင်းထည့်ပေးလိုက်ပါ။

ဥပမာ။ ။ google နဲ့ yahoo ကိုပိတ်မယ်ဆိုရင်

127.0.0.1 localhost
127.0.0.2 www.google.com
127.0.0.3 www.yahoo.com ဆိုပြီး ပေါင်းထည့်ပေးရပါတယ်။

ဒီထက်ပိုချင်ရင် 127.0.0.4 www.yrblocksite.com,127.0.0.5 www.yrblocksite.com စသဖြင့် ဆက်ထည့်ပေးပေါ့။ save ထားလိုက်ရင် IEအတွက်စိတ်ချရပြီ။

Digital diary

Notepad အပေါ်ဆုံးမှာ .LOG ရိုက်ပြီး ကြိုက်နှစ်သက်ရာ နာမည်ပေး ကြိုက်နှစ်သက်ရာ နေရာမှာ save လုပ်ထားပါ။ နောင်တစ်ချိန် ပြန်ဖွင့်ရင် ဖွင့်ချိန် ရက်စွဲတွေဟာ ရောက်ဆဲအချိန်ကာလကို ပြနေပါလိမ့်မယ်။
blogger တွေ မိမိ ပိုစ့်ကို notepad ရေးမှတ်တတ်ရင် ဘယ်အချိန် ဘယ်ရက်က ရေးခဲ့လည်း မှတ်ထားပေးပါတယ်။ Digital diary အဖြစ် လည်း အသုံးပြုနိုင်ပါတယ်။


မိမိ အသုံးတဲ့မယ့် နည်းကို ဥာဏ်ကွန့်သုံးပေါ့။ .LOG လေးလုံးထဲရယ်..

Start Ultrasurf when Windows starts

ဒီနေ့ MPT Proxy address ရိုက်ပြီးသုံးလို့ မရတော့ဘူးဆိုတော့ သော့ခာတ် ထားတာတွေချည်း တိုးနေတယ်။ ဒီလောက်ဖြစ်လှတာ Ultrasurf (US) ကို startup program ထဲ သွားထည့်ထားလိုက်တယ်။ အကုန်လုံး US နဲ့ဘဲ လစ်တော့တယ်..:)

US က ၀င်းဒိုး တက်တက်ချင်း ဖွင့်နိုင်တဲ့ ဆက်တင်မပါလို့ ကိုယ့်ဘာသာထည့်ပေးတာပါ။ ငှက်ပျောသီး နွှာသလောက် လွယ်ပါတယ်။
Computer\Disk:C\programs မှာ new folder တစ်ခုဖန်တီးပြီး Ultrasurf လို့ နာမည်ပေးလိုက်တယ်။ Folder ထဲကို US ရွှေ့ထားလိုက်တယ်။

ပြီးရင် windows key+R\regedit နဲ့ registry editor ကိုဝင်ပါတယ်။

ံHKEY LOCAL MACHINE\Software\Microsoft\Windows\CurrentVersion\Run ထိရှာလိုက်ပါတယ်။

Runမှာ ကိုယ့် startup program တွေ မြင်နေရပါတယ်။ ဒီ startup program တွေအောက်မှာ right click\new\string value ကိုရွေးလိုက်တယ်။

New value ကို Ultrasurf လို့ နာမည်ပေးပေါ့။ နာမည်ပေးပြီးတော့ right click\modify သွားပြီး value data ကို C:\Program Files\Ultrasurf\Ultrasurf.exe လို့ ထည့်ပေးလိုက်တယ်။

ဒါဆိုရပြီလေ။ restart ချလိုက်ရင် US ကို တကူးတက ဖွင့်နေစရာ မလိုတော့ဘူး။

US option မှာ set IE proxy automatically ရွေးလိုက်တော့ online ကိစ္စ မှန်သမျှ US နဲ့ သာ လစ်ပါတော့တယ်။
myantel ကိုချိတ်ဘို့ directly use Ultrafurf ရွေးပေးရတာပေါ့။ Ultrasurf ပြောင်းရွှေ့နေရတာ ခုမှသက်သာသွားတော့တယ်။

လိုမှသုံးမယ် ပြန်ဖြုတ်ချင်တယ်ဆို win key+R\msconfig\startup သွားပြီး Home ultra ကို အမှန်ခြစ်လေး ပြန်ဖြုတ်တာပေါ့။

Two way သုံးမယ်ဆို IE အတွက် IEpro ရှိပြီး Firefox အတွက် foxyproxy တွေ ရှိနေပါသေးတယ်။
လိုအပ်ချက် ကသာ အဓိကပါ။ နည်းလမ်းပေါင်းစုံက ....................

McAfee SiteAdvisor

Firefox 3.0.1 upgrade လုပ်ပြီး bug တွေနည်းသွားတယ်၊security ပိုကောင်းလာတယ်ဆိုလို့ စမ်းရင်း ရှာရင်း မဆီမဆိုင် McAfee SiteAdvisor သွားတွေ့တယ်။ Search engine တွေက ရှာပေးသမျှ ကောင်းသလား ဆိုးသလား ခွဲခြားပေးသလို မိမိဆိုဒ် သို့ သွားမယ့်ဆိုဒ်ကိုလည်း စစ်ဆေးပေးပါတယ်။ Spyware တွေ Virus တွေရှိရင် သတိပေးတော့ တော်တော် အဆင်ပြေပါတယ်။

McAfee SiteAdvisor က browser addon အဖြစ် free ပေးသလို www.siteadvisor.com မှာ url ရိုက်ပြီးလည်း စစ်ဆေးနိုင်ပါတယ်။

Browser addon အဖြစ်သုံးရင် search result မှာ warning နီစိမ်းဝါတွေနဲ့ ခွဲခြားပြပေးပါတယ်။

url ရိုက်ပြီး စစ်ရင်လည်း နီစိမ်းဝါနဲ့သာပြပါတယ်။ ဒါ့အပြင် ဘယ်လင့်တွေ ဖိုင်တွေကဖြင့် လုံခြုံရေး အဆင့် ဘယ်လောက်ရှိသလဲ meter နဲ့ ကြည့်နိုင်ပါသေးတယ်။
Virus software ကောင်းရှိနေပါစေ ဒုစရိုက်နယ်မြေကို ကြိုသိကြိုရှောင်ရအောင် siteadviser နဲ့ McAfee addon လေးကို ရှေ့က ပေးသွားလိုက်ပါလား.........

Download Torrent file

“ torrent ဖြစ်နေတယ်ကွာ ” ဒီလိုတော့ မညည်းလိုက်ပါနဲ့။ Torrent download မရနိုင်ဘူးလို့ ယေဘူယျ ပြောနိုင်ပါတယ်။ ရနိုင်တဲ့ နည်းတွေလည်းရှိပါတယ်။ လူကြုံနဲ့ မှာလိုက်တာ မဟုတ်ဘူးနော်။ တစ်ကယ် လုပ်နိုင်တာပါ။ အနည်းငယ် ရှုတ်ထွေးပေမယ့် ရှားပါးဖိုင်တစ်ခုရပြီးရင် ပင်ပန်းရကျိုးနပ်စေပါတယ်။

ဒီနည်းက online game ကစားနိုင်ဘို့ studioamk.com က ပိုစ့်ရေးပြီး တင်ထားဖူးပါတယ်။ ကြုံတုန်း နဲနဲ ဖောလိုက်ဦးမယ်။
Torrent download ဆိုတာ ကွန်ပြူတာအချင်းချင်း peer to peer ချိတ်ဆက်ထားပြီး လိုချင်တဲ့ ဖိုင်ကို ရှိနေတဲ့ ကွန်ပြူတာတွေကနေ download ဆွဲချတာပါ။ P2P network မှာ ကွန်ပြူတာ သန်းချီ ချိတ်ဆက်ထားပါတယ်။ Torrent network များစွာရှိပြီး သက်ဆိုင်ရာ network ရဲ့ အထောက်အကူပြု ဆောဖ်ဝဲလ်နဲ့သာ ရယူသုံးစွဲရပါတယ်။ ကျွန်တော်ကတော့ လိုချင်တဲ့ ဆော့ဖ်ဝဲလ် ဘယ်နက်ဝေါ့ခ်မှာ ရှိလဲဘဲ ရှာပါတယ်။ ဘယ်နက်ဝေါ့ခ်မှာ မန်ဘာများလည်း မမှတ်ထားမိပါဘူး။ High speed download မရနိုင်လို့ပါ။ ရှားပါးဆော့ဖ်ဝဲလ် ခရပ်တွေ torrent မှာဘဲရှိနေချိန်သာသုံးပါတယ်။ ပေရှည်သွားပါပြီ။

Torrent download လုပ်ဘို့ VPN software နဲ့ your-freedom(YF) software လိုအပ်ပါတယ်။ VPN က ကိုယ့်ကွန်ပြူတာမှာ ( virtual private network ) ကွန်ယက်တု တစ်ခုဖန်တီးပြီး YF က VPN ကိုဖြတ်သန်းစေဘို့ပါ။
အလွယ်ဆိုရရင် ကျွန်တော်တို့ သုံးနေတာ web(http) အတွက်ပါ။ YF က secure network(https) ကဖြတ်သန်းပြီး torrent က really block ဖြစ်နေလို့ port forwarding နည်းနဲ့ secure network ကနေ ဖြတ်သန်းရယူလိုက်တာပါ။
Gmail ဟာ ဒီနည်းနဲ့ သွားနေတာပါ။ သူက https support ဖြစ်တော့ ဘာမှမလိုတော့ပါဘူး။

VPN homepage, your-freedom homepage နဲ့ utorrent homepage တွေမှာ ဆော့ဖ်ဝဲလ်တွေရယူ install လုပ်ရယူပါ။ YF ကအနည်းငယ် ရှုတ်ထွေးပါတယ်။ YF account ကို website မှာရယူထားပြီးဖြစ်ရပါမယ်။ JRE (java run time) ရှိထားရပါမယ်။ YF install လုပ်ပြီးရင် port setting မှာ socks 4/5,web proxy နဲ့ open vpn တို့ရဲ့ port တွေကို ရွေးချယ်ပါတယ်။
Photobucket
ထပ်ပြီး status\configure\server connection သွားပြီး address:ems.your-freedom.de,port:443,protocol:https တို့ကိုဖြည့်ပါမယ်။Automatically select best server ကိုရွေးခဲ့ပါမယ်။
Photobucket
Account information မှာ မိမိ username password ထည့်ပါ။
Photobucket
proxysetting မှာ မိမိ isp က proxyaddress နဲ့ proxyport ပါရင်ဖြည့်ရပါတယ်။ ခုနောက်ပိုင်း ISP တစ်ချို့မှာ မလိုကြတော့ပါဘူး။
Photobucket
ဒါဆို YF setting ဖြည့်လို့ပြီးပါပြီ။ Save and exit လုပ်လိုက်ပါ။ YF run လိုက်ပါ။
Photobucket
Openvpn ချိတ်ဆက်ဘို့ ခဏစောင့်ရပါတယ်။ ချိတ်ဆက်ပြီးရင် YF icon ပြောင်းပြီး network တစ်ခုတိုးလာပါလိမ့်မယ်။
Photobucket
utorrent ရဲ့ proxy server ကို none မှာထားပြီး torrent file or url ကို download ရယူနိုင်ပါပြီ။ network မှာ လိုချင်တဲ့ဖိုင်တွေ့တာနဲ့ download လုပ်ပေးပါလိမ့်မယ်။
Photobucket
P2P ဟာ ကွန်ပြူတာ 10 လုံးမှာ မိမိလိုချင်တဲ့ဖိုင်ရှိနေရင် 10 လုံးဆီက မျှဆွဲပေးတယ်ဆိုပေမယ့် YF က free version ဆိုရင် 64k limite ကြောင့် အချိန်ပေးရပါတယ်။

Networking သမားတွေက ပိုပိုင်နိုင်ကြမယ် ထင်ပါတယ်။ သိသလောက် ကိုသာ အခြေခံ စမ်းသပ်ထားလို့ ပြည့်စုံတယ်တော့ မဟုတ်ပါဘူး။ ဒီထက် ကောင်းတာ ရှိရင်လည်း လက်တို့ ကြပါဦး။
ISP ခွင့်မပြု ရင်တော့ မလုပ်သင့်လို့ နည်းပညာ အသိကိုဘဲ ဖလှယ်ရုံသက်သက် လို့သာ မှတ်ယူစေချင်ပါတယ်။
ဒီနည်းမှာ အဆင်မပြေတာ ရှိရင်လည်း နားလည်သလောက် ပြန်ရှင်းပေးပါ့မယ်။

Snarfer RSS reader


သတင်းမုဆိုး တွေအတွက် application တစ်ခုပါ။ Browser တစ်ခုလိုပါ အသုံးချနိုင်ပြီး လိုချင်တဲ့ သတင်းကို ကလစ်ထောက် ဖတ်ရှုနိုင်ပါတယ်။ Windows live mail ( outlook ) မှာ RSS မှာယူရာကနေ Snarfer တွေ့လို့ သူ့ကိုဘဲ ပြောင်းသုံးသွားတော့တယ်။
File size က 400kb သာရှိပြီး free ပေးပေမယ့် မယုံနိုင်စရာ support လုပ်ပေးထားပါတယ်။ Data base ကြီးတဲ့ဆိုဒ်တွေမှာ loading time လျှော့ကျသွားလို့ RSS နဲ့ ဖတ်ရတာ နှစ်သက်သူတွေ လိုအပ်ပါလိမ့်မယ်။

ှSnarfer မှာက နှစ်သက်တဲ့ စတိုင် ဆင်ယင်နိုင်သလို feeds plugin များစွာလည်း ပေါင်းထည့်နိုင်သေးတယ်။
RSS ဖတ်ရှုဖို့ google reader စတိုင်မြင်ကွင်းကျယ် ဒီဇိုင်းထုတ်ထားတာမို့ အခြား pluginတွေ reader တွေက ဖတ်ရတာထက် အဆင်ပြေပါလိမ့်မယ်။
သုံးစွဲစဉ် တွေ့လာတဲ့ ချွတ်ယွင်းလိုအပ်ချက်တွေ သိလိုတဲ့ အချက်တွေ အပြင် ဆော့ဖ်ဝဲလ်အတွက် ကြေငြာသတိပေးတာတွေ တောင်းဆိုတာတွေကို လုပ်နိုင် လေ့လာနိုင်ပါတယ်။
Defult အနေနဲ့ ကဏ္ဍ ၁၅ ခုခွဲပြီး အောင်မြင်တဲ့ သတင်းဌာနတွေဆီက update ဖတ်နိုင်သလို နှစ်သက်ရာ site က RSS ပေါင်းထည့်နိုင်ပါတယ်။
RSS ရယူခွင့်ပြုထားတဲ့ site တွေက အပြည့်အစုံ ရှယ်မလုပ်ထားရင်လည်း browser လို redirect လုပ်ပေးပါတယ်။
comment တွေ rating တွေ ချက်ချင်းပေးဘို့ သီးသန့် browser မဖွင့်ရတော့ပါဘူး။ feeds update လုပ်ချိန်လည်းမြန်တယ်။
Photobucket
Portable အနေနဲ့ သုံးနိုင်အောင် ပြောင်းပြီး download link တင်ထားပါတယ်။ Cyber မှာ memory stick နဲ့ သုံးနေသူတွေ အတွက်ရည်ရွယ်တာပါ။
Plugin တွေပါ ပေါင်းထည့်ပေးထားပါတယ်။ Stick မှာ zip ဖြည်သုံးရုံပါ။ ဒါပေမယ့် ပုံတွေ နဲ့ RSS အပြည့်မရတဲ့ ဆိုဒ်တွေကိုတော့ သီးခြားcopy လုပ်ရပါမယ်။
Direct con. သို့ system နဲ့ သုံးမယ်ဆို homepage မှာ screenshot တွေနဲ့အတူ ဒေါင်းလုဒ် လုပ်လို့ရပါတယ်။
စာရှုသူတွေကို beginner လို install လုပ်ပုံ သုံးစွဲပုံတွေ ရှင်းမပြတော့ပါဘူး။ ရိုးစင်းလွယ်ကူမယ် ထင်ပါတယ်။
စိတ်ဝင်စားစရာ မကောင်းရင်တော့ ကြော်ငြာသူ ညံ့လို့နေမှာ...:)

Homepage

Download portable snarfer

Google trends

ကမ္ဘာ့ရွာကြီးထဲ မြန်မာတွေ ဘာထွက်လုပ်နေလည်း google မှာရှာကြည့်တာ gmail ပို့နေကြတယ်။ sexy နဲ့ news က နောက်နားမှာရှိနေတယ်။အလုပ်ရှာ ပညာသင် ထက် သီချင်း ကိုပိုရှာနေသလိုဘဲ။ ဒါပေမယ့် gmail သုံးစွဲမှုမှာတော့ သြချလောက်ပေရဲ့။ ခက်ခဲတာမှ ပိုလိုချင်ကြပုံဘဲ။ ကျမ်းပြုလောက်အောင် အသေးစိတ်ရှာထားတာတော့ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါး မှန်းပြီးရှာကြည့်ထားတာ ဘ၀င်မကျရင် ကိုယ်တိုင် စမ်းသပ်ကြည့်စေချင်တယ်။

Google trends ရဲ့ address box မှာ သိချင်တဲ့ အမျိုးအစားများကို ကော်မာခံပြီး ရှာတာပါ။ ငါးမျိုးထိ ယှဉ်တွဲရှာနိုင်ပါတယ်။
website တွေလည်း trends for website မှာရှာနိုင်ပါတယ်။ မြန်မာလိုတော့ ရှာလို့မရပါဘူး။
Photobucket
နိုင်ငံတစ်ခုစီ နဲ့ ကာလကိုသီးသန့် ရွေးရှာလို့ရပါသေးတယ်။ US မှာတော့ more hot ternds နဲ့ သွားပြီး top 100 ကအကြောင်းအရာတွေ မှီငြမ်းပြီး ပိုစ်တင်ရင် site traffic တက်တယ်ဆိုလားဘဲ။
ဒီမှာတော့ မြန်မာမှုပြူရမှာပေါ့။ တစ်ချိန်က ဟိုမော်ဒယ်နာမည်နဲ့ အလုပ်ဖြစ်ခဲ့ဘူး သလိုပေါ့။ ခု နာဂစ်ကဥပမာပါ။
Photobucket
Defult အနေနဲ့ all region နဲ့ရှာပေးပြီး ဂရပ်ဖ်နဲ့ ပြပေးပါတယ်။
Photobucket
ကိုယ်သိချင်တဲ့ နိုင်ငံရွေးပြီး တစ်လ တစ်နှစ်ချင်းစီ 2004 ကစပြီးလေ့လာနိုင်ပါသေးတယ်။
မြန်မာအင်တာနက်သုံးစွဲတဲ့ ကာလအတွက်တော့ လုံလောက်စေပါတယ်။
Photobucket
ms excel ရှိရင် Export this page as a CSV file မှာ ဒေါင်းလုပ်ဒ် ရယူထားနိုင်ပါသေးတယ်။
လူတွေ ဘာကြိုက်လည်း သိတော့ အလိုလိုက် အကြိုက်ဆောင် ခါးပိုက်ထောင်ထဲ ထည့်စေဖို့တော့ google က ရည်ရွယ်ဟန်မတူပါဘူး။
ဗဟုသုတ အကျိုး တိုးပွားစေလိုကြောင်းလို့ဘဲ ထင်ပါတယ်။

Customize command prompt

Vista က ဂရပ်ဖစ်တွေ လှချင်တိုင်းလှနေပြီး command prompt ကမဲကြုတ်ကြုတ်နဲ့ အမြင်ကတ်လို့ ချိန်းပစ်လိုက်တယ်။ စွမ်းဆောင်ချက်တွေလည်း ထပ်တိုးလာအောင်ပေါ့လေ။ ကိုယ့်စိတ်ကြိုက် အလန်းလေး ဆင်တာလည်း ဖီလ်းတစ်ခုပေါ့။

Start\run\cmd နဲ့ GO မယ်။ပြီးရင် command prompt အပေါ်ဘယ်က icon ပေါ် right click\properties ခေါ်လိုက်မယ်။
Photobucket
cmd propertues box မှာ font layout colour တွေစိတ်ကြိုက်ချိန်ပေါ့။
screen buffer size မှာ High 9999 ထိထားတယ်။ file ရာချီ အတွက်ပေါ့။
Power user ဆိုပြီး လူရှိန်အောင်လုပ်တာ :)
windows size ရဲ့ width ကို 100 ထားတယ်။ ပြည့်ပြည့်စုံစုံ မြင်ရအောင်လို့

ထူးခြားတာက option ပါ။ edit option မှာQuick edit mode ကို mark လုပ်ခဲ့တယ်။
ဒါမှ copy\paste ကို right click နဲ့ သုံးနိုင်မှာ။ cmd မှာ တစ်လုံးချင်း ကြည့်ရိုက်ရတဲ့ ဒုက္ခကင်းပြီပေါ့။ဒါဆို command prompt အလန်းလေးဖြစ်ပြီ.......

New feature from gmail labs

ဟား..ဟား..နမော်နမဲ့ စာမဖတ်ဘဲ စမ်းမိတာ 14 မိနစ် ရပ်ထားလိုက်ရတယ်။ Gmail labs ရဲ့ အမြည်းလေး အငမ်းမရ စားတဲ့အကျိုးပေါ့။
Gmail labs ပေးထားတာ ခုမှသိတယ်။ Glite နဲ့ လစ်နေတာကိုး။ https://mail.google.com နဲ့ မမြည်းရသေးရင် သွားမြည်းကြည့်လိုက်ပါ။ အရသာလေးကတော့........တယ်ရှိ..

Photobucket
Gmail ထဲက setting\labs ကိုသွားလိုက်ရင် new features 13 ခုတွေ့ရပါမယ်။ Disable လုပ်ထားတယ်။ သုံးချင်တဲ့ feature ကို enable လုပ်ရုံပါဘဲ။ Firefox extension တွေနဲ့ ဆင်တူပါတယ်။

Quick Links

Gmail ညာဘက် sidebar မှာလာပေါ်ပါတယ်။ သီးခြား မှတ်သားထားချင်တဲ့ message ကိုဖွင့်ပြီး Add quick link နှိပ်ပြီး မှတ်သားတာပါ။
Lable လည်းနှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ Gmail bookmarks ပေါ့။

Superstars

Gmail ရဲ့ setting\general မှာ star icom 12 ခုဖြစ်နေတာတွေ့ရပါမယ်။ လိုအပ်သလောက် drag n drop ပေါင်းထည့်ပြီး သုံးနိုင်ပါတယ်။
ကြိုက်သလောက် သုံးဆိုပြီး ပေးထားတယ်နဲ့ တူတယ်။ Gmail storage တက်လာတာနဲ့ လိုက်ဖက်ညီပေါ့။

Custom keyboard shortcuts

mail မှာ keyboard shortcuts ထည့်ပေါင်းထားတယ်။ လေ့လာမယ်ဆို setting\keyboard shortcuts မှာမှတ်သားနိုင်ပါတယ်။

Pictures in chat

Mail ထဲက chat ရင် ပုံပေါ်လာတာပါ။

Email addict

Screen ညာအပေါ် mail address နဲ့ setting ကြား take a break ပေါ် လာပါတယ်။ ကျွန်တော်မိတဲ့ ငရုပ်သီး 14 မိနစ် breaktime ယူလိုက်ရတယ်။

ထွေထွေရာရာလေးတွေ ပေါင်းထည့်လာတာ နှစ်လိုစရာပါ။ ခက်ခက်ခဲခဲတွေလည်း မပါဘံ သုံးရပိုအဆင်ပြေအောင် ထပ်တိုးထားတဲ့ feature တွေပါ။
လိုအပ်ရင် send feedback ကနေ lab တစ်ခုချင်းကို မေးမြန်းနိုင်ပါသေးတယ်။
ကျွန်တော်တော့ စာရွက်နဲ့ စာပို့စနစ်ကို စိတ်ကုန်သွားတယ်။ ဒါကြောင့် Gmail ရှိသူကိုဘဲ.....................................:-D

Access has been denied from MPT

Blogspot တော့ ဒီဇိုင်းသစ်နဲ့ ဘန်းခံထိပြီဗျာ..MPT address နဲ့ သုံးပြီး no proxy ပြောင်းမှ ငြင်းလွှတ်တယ်။ ဒီတိုင်းဆို server
ချိန်းမရတော့ရင် ခက်ပြီ။ ခုတော့ rapidshare မှာ ip နှစ်မျိုးနဲ့ download ရနေတယ် :)

ဒီဇိုင်းသစ်ဆိုတာက Stop access denied မဟုတ်တာကလွဲရင် သုံးမရတာချင်းတူတာပါဘဲ။ Filter မတူတာဖြစ်ပေမပေါ့။
ဲမြန်-တယ် က stable ဖြစ်သွားရင်တော့ mpt server က..........

က်ျပုံကိုရှုလော့...
Photobucket

ဒီတိုင်းလေး နှစ်မျိုး ခွသုံးနေရရင်.....................ဘုရား ဘုရား ဘာတွေ ပြောင်းလည်းဦးမှာလည်း...

Original location of emails ip

မိမိဆီလာတဲ့ အီးမေးလ်ကို ဘယ်ကလာသလဲ ရှာကြည့်လို့ရပါတယ်။ Gmail,Yahoo mail နဲ့ Outlook mail တွေမှာ ရှာကြည့်မယ်။

Gmail

အရင်ဆုံး mail log in လုပ်ရပါမယ်။

မိမိ သိလိုတဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အပေါ်နားက reply botton ကိုရှာကြည့်ပါ။

သူ့ဘေးမှာ တြိဂံဇောက်ထိုးပုံလေး တွေ့ပါမယ်။ အဲဒါလေး နှိပ်ပြီး show original ကိုရွေးလိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

မေးလ်ပို့သူရဲ့ ip address ကိုတွေ့ရပါမယ်။

Yahoo mail

mail login ၀င်ရပါမယ်။

သိချင်တဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အောက်နားက full header ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

ဒါဆို ip တွေ့ရပါပြီ။

Outlook mail

Outlook mail ကိုဖွင့်ပါ။

view\option ကိုသွားပြီး internet header box မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါဦး။

ရလာတဲံ ip ဟာ ဘယ်ကလာသလဲ ရှာကြည့်ပါမယ်။

ဒီဆိုဒ်က ip နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှာနိုင် သိနိုင်ပါတယ်။

တစ်ခါတစ်လေ ip address သိဘို့ လိုအပ်ခဲ့ရင် ဒီနည်းလေးက အထောက်အကူပြုမှာပါ။

Delete google,yahoo n hotmail account

အကြောင်းအမျိုးမျိုးကြောင့် google,yahoo နဲ့ hotmail account တွေ ဖျက်သိမ်းချင်ပါသလား..အဲဒီ ဆားဗစ်တွေဟာ ပြန်ဖျက်သိမ်းခွင့် ပြုထားကြပါတယ်။ မသုံးချင်တော့လို့ ဖျက်လိုက်တာဟာ account စောင့်ကြည့်ရမယ့်ဒုက္ခ ကင်းဝေးပြီး အကျိုးရှိစေမယ့် အီးမေးလ်များလာမှာ မစိုးရိမ်ရတော့ပါဘူး။
ကြော်ငြာ၊spam၊news letter တွေ ဒီ account ကို ဆက်လာနေရင် online traffic ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်ကိုမထိခိုက်ပေမယ့်
အသုံးမလိုတော့တဲ့ account တွေဆို ဖျက်လိုက်ကြပါစီု့....

Hotmail ကိုပိတ်မယ်ဆိုရင် http://hotmail.msn.com/cgi-bin/accountclose?fti=yes ဒီလင့်မှာ login ၀င်ပြီး close my account ကို click လုပ်ရပါမယ်။

http://g.msn.com/0HEMSN_HOTMAIL_PIMV10ENUS9/10014 ဒီလင့်က login ၀င်လည်းဖြစ်တယ်။

နောက်တစ်နည်းက ပုံမှန် login ၀င်မယ်။ web page ရဲ့ ညာဘက် အပေါ်ဒေါင့်မှာ close ကို ရှာမယ်။ Close account link မှာ click လုပ်ပြီး close account page က ပိတ်သိမ်းနိုင်ပါသေးတယ်။

Yahoo ကတော့ https://login.yahoo.com/config/login?.slogin=&.intl=us&.src=&.bypass=&.partner=&.done=https%3a//edit.yahoo.com/config/delete_user&pkg=&owd=&rl=1ယ္ခုလင့်က login ၀င်ရမယ်။ ပြီးရင် နောက်webpageမှာ password ထပ်ဖြည့် secure code ဖြည့်ပြီးရင် terminate this account yes ပေါ့။
Yahoo က ဒေတာဖျက်သိမ်းဘို့ ရက်90 စောင့်ပါတယ်။ Premium account ဆို ပြက္ခဒိန်နှစ် 3နှစ်စောင့်ပေးတယ်ဆိုပါတယ်။

Google ကတော့ account login ၀င်ပြီး myaccount\myproducts\edit\close account ကိုအဆင့်ဆင့် သွားပြီး google ရဲ့ မလိုတော့တဲ့ ဆားဗစ်တွေရွေးရပါမယ်။ Account တစ်ခုလုံးအတွက်ဆို ဆားဗစ်အားလုံးရွေးချယ်ပြီး password ပြန်သွင်းကာ activate answer နှစ်ခုကို အမှန်ခြစ်ရွေးပြီး delete နှိပ်ရင် ပြီးပါပြီ။

သတိပြုရမှာက သက်ဆိုင်ရာ account တွေမှာ service တစ်ခုထက်ပိုလုပ်ထားရင် data backup ကြိုလုပ်ထားရန် မမေ့ဘို့ပါ။

Create a keyboard shortcut

မကြာခဏ ပိတ်၊ဖွင့် လုပ်နေရတဲ့ folder နဲ့ program တွေကို keyboard shortcut လုပ်ထားကြမယ်။ ရှာဖွေနေရချိန် သက်သာအောင်ပေါ့။ Desktop ပေါ်မှာဆို မသိသာပေမယ့် drive D:/ (သို့) C:/ ထဲက ဒေတာတွေ သွားယူနေရတာဆို ကြာလို့...

မိမိ သုံးလိုသော folder ပေါ် right click ထောက်ပြီး send to/desktop ရွေးလိုက်ပါ။
desktop ပေါ်က shortcut icon မှာ right click\properties\shortcut ကိုသွားမယ်။
Shortcut key box မှာ Ctrl+Alt+M ကိုရွေးပေးလိုက်မယ်။
ဒါဆို Startmenu => Mycomputer => D:/ => Data folder ဆိုပြီး မသွားရတော့ဘူးပေါ့။

Program ဆိုရင် icon ပေါ် right click\properties\shortcut သွားပြီး Shortcut key ဖန်တီးပေးရုံပါဘဲ။
Photobucket
Program များများဖွင့်သုံးရရင်လည်း အလုပ်မရှုတ်တော့ဘူး..:)

Easter eggs

ကွန်ပြူတာထဲမှာ ကြက်ဥတွေရှာပြီး ကြော်စားကြရအောင်..Easter egg ဆိုတာကွန်ပြူတာဆော့ဖ်ဝဲလ်တွေထဲမှာ ၀ှက်ထားတဲ့ ပရိုဂရမ်ငယ်လေးတွေပါ။ဆော့ဖ်ဝဲလ် စားသုံးသူတွေအတွက် အပိုရွှေဆုပေါ့။ မသိလို့တော့ ဘာမှပြသနာမရှိသလို program ကိုလည်း မထိခိုက်စေပါဘူး။
ကြိုပြောပါရစေ..မလိုချင်လို့ uninstall လုပ်ချင်လည်း ကျွန်တော် မလုပ်တတ်ဘူးနော် :-)

ဒီကြက်ဥတွေဟာ program တွေရဲ့ သတင်းအချက်အလက်၊ပုံ၊လှုတ်ရှားမှု၊ပန်းချီတွေ ဒါမှမဟုတ် ထူးခြားတဲ့အသံဖိုင်၊ebook တွေ တစ်မျိုးမျိုးအဖြစ်
ပါဝင်လာပါတယ်။ အီစတာကြက်ဥတွေ ရှာဖွေကြော်စားလို့ရမယ့် နည်းတစ်ချို့ရှာထားတယ်..အောက်မှာ မြည်းကြည့်ပါဦး....

အီစတာပွဲတော်ကို Jesus Christ ပြန်လည်ရှင်သန် ထမြောက်လာမှုကို မျှော်လင့်တမ်းတတဲ့ အမှတ်တရပွဲတော်အဖြစ် ကျင်းပပါတယ်။ မတ်လ 21 ရက်နောက်ပိုင်း လပြည့်နေ့ နဲ့ကပ်လျှက် တနင်္ဂနွေနေ့ကို easter sanday လို့ သတ်မှတ်ပါတယ်။Good friday ကနေ easter monday အတွင်း ရက်သတ္တပတ်မှာ ဆေးရောင်ခြယ်ထားတဲ့ ကြက်ဥကို ကြိုတင်ဝှက်ထားပြီး ပြန်ရှာကြရတဲ့ ကစားနည်းရှိတယ်။
ဒါကိုအစွဲပြုပြီး ကွန်ပြူတာမှာ easter egg လို့ခေါ်လာတာ 1970 လောက်ကတည်းကလို့ဆိုတယ်။

Documation,help ခေါ် ebook,online help,auto update တွေနဲ့ လုံးဝ မသက်ဆိုင်ဘဲ သတ်မှတ်ထားတဲ့ key conbination တွေ အားလုံးတိုက်ဆိုင်မှ ဘွားခနဲ ဖြစ်လာတာမျိုးပါ။ ဥပမာ အနေနဲ့ အသုံးများတဲ့ OS,google နဲ့ firefox က easter eggs တွေ စုထားပါတယ်။

Firefox 3 မှာ about:robots,about:mozilla တို့ကို url bar မှာ ရိုက်ကြည့်ပြီး firefox egg တွေ တွေ့ရပါမယ်။

Vista OS မှာဆို Start\run\msconfig ဖြင့်သွားပါ။ system configuration\boot မှာ noGUIboot ကိုရွေးရင် vista boot screen ပြောင်းသွားပါမယ်။
ှStart menu ရဲ့ လွတ်နေတဲ့နေရာ ( near account`s picture ) မှာ Ctrl+Shift တွဲနှိပ်ပြီး right click နှိပ်ရင် exit explorer ဆိုတဲ့ egg လေးပေါ်လာပါတယ်။
Start\run\Media ကိုရိုက်ရင် windows ရဲ့ အသံဖိုင်တွေကို ရရှိလာပါမယ်။

https://mail.google.com/mail/help/paper/ ဒီလင့်ဟာ google ရဲ့ သီးသန့် paper mail ပါ။
www.google.com/intl/en/mentalplex/ ဒီလင့်ကိုလည်းဝင်ကြည့်လိုက်ပါ။
www.google.com မှာ “ answer to life, the universe, and everything ” ရိုက်ရှာရင် calculater ကိုရပါမယ်။
www.google.com/googlegulp/ ဒါက google ဖျော်ရည်ပါ။
www.google.com/microsoft
www.google.com/intl/xx-bork/
www.google.com/intl/xx-elmer/
www.google.com/intl/xx-piglatin/
www.google.com/intl/xx-hacker/ ကိုယ်တိုင်သာရှာကြည့်လိုက်ပါ။

http://maps.google.com/?ie=UTF8&om=1&z=16&ll=45.123785,-123.113962&spn=0.012112,0.024097&t=h
မီးလျှံကြားက မြေခွေးတစ်ကောင်ပါ။

http://www.google.com/reader မှာ login ၀င်ပါ။ mouse မသုံးဘဲ arrow key ကို အောက်က အစီအစဉ်အတိုင်းနှိပ်ကြည့်ပါ။
up
up
down
down
left
right
left
right
b
a
နင်ဂျာတွေဆီ သိုင်းသင်ကြရအောင်။

www.google.com/Easter/feature_easter.html ဂိမ်းဆော့မယ်လေ။

မိမိတို့ သုံးနေတဲ့ software တွေမှာလည်း easter egg တွေ ရှိပါတယ်။ အမှတ်မထင်တွေ့ရင် ကြော်စားပစ်လိုက်ပါ။ အသင့်ရှာထားပေးတဲ့ ဆိုဒ်တွေလည်းရှိပါတယ်။
www.eeggs.com/
www.eggheaven.com/
www.gamespot.com/ ဒီလင့်တွေမှာလည်း စုဆောင်းထားပါတယ်။
ပိုလိုခဲ့တယ်ဆို search engine တွေကို အပူကပ်လိုက်ပါ။
ပီတိများစွာဖြင့် ပျော်ရွှင်ကြပါစေ.........


Hacks for firefox 3

Firefox 3 ထွက်ပြီး နှစ်ပတ်အတွင်း download လုပ်သူ 27 သန်းကျော်ရှိခဲ့လို့ ဂင်းနစ် စံချိန်တင်သွားခဲ့ပါပြီ။ လိုအပ်ချက်တွေ ထပ်မံဖြည့်စွက်ပြီး version 3.1 ကို ယ္ခု ဇူလိုင်လမှာ ထပ်ထွက်လာပါမယ်။ မြန်မာမှာတော့ 4000 ခန့်သာ download လုပ်ခဲ့ပါတယ်။ အသေးစိတ်ကို ဒီဆိုဒ်မှာ လေ့လာနိုင်ပါတယ်။

Firefox 3 ရဲ့ trick တစ်ချို့စုဆောင်းထားပါတယ်။ အသုံးဝင်မယ်လို့ထင်ပါတယ်။ မရှိသေးလို့ download ဆွဲမယ်ဆို right sidebar မှာအဆင်သင့်ပါဘဲ။

Web-base email

Firefox 3 မှာ Yahoomail အမြန်ပို့ချင်ရင် tools\options\applications သို့သွားပါ။ search bar မှာ mailto ကိုရှာပြီး use yahoo! mail ကိုရွေးပေးပါ။
ဒါဆို file\send link ကို click လုပ်ရင် (သို့) mailto:link ဆိုပြီး url bar မှာ ရိုက်ရင် yahoomail အမြန်ပို့လို့ရပါပြီ။
remenber password လုပ်မထားရင်တော့ login အရင်ဝင်ရပါမယ်။

Gmail သုံးချင်ရင်တော့ url bar မှာ about:config ရိုက်ပါ။ ပြီးလျှင် filter bar မှာ “ gecko.handlerservice ” ရိုက်ပါ။
“gecko.handlerServiceAllowRegisterFromDifferentHost” ကို double click ဖြင့် true သို့ ပြောင်းပေးပါ။

ပြီးလျှင်“ javascript:window.navigator.registerProtocolHandler("mailto",
"https://mail.google.com/mail/?extsrc=mailto&url=%s","GMail") ” ဒီကုဒ်တွေကို url bar မှာ ရိုက်လိုက်ပါ။

ဒါဆို application ရဲ့ mailto:links မှာ gmail ကို လာပေါင်းထည့်ပါပြီ။ add application ကိုရွေးပေးလိုက်ပါ။
Yahoomail နေရာမှာ gmail ကို application ထဲဝင်ပြောင်းလိုက်ရင် Gmail အမြန်ပို့နိုင်ပါပြီ။

Maximum number of Awesome Bar results


င်္Firefox 3 ရဲ့ အသွင်သစ်တစ်ခုက bookmarks က url တွေ address bar မှာ ပါလာတာပါ။
လိပ်စာရိုက်ဘို့လုပ်တိုင်း url တွေ တစ်ပြုံတစ်မကြီး ကျလာတာ မျက်စိနောက်ရင် လျှော့လို့ရပါတယ်။

“ about:config ” လို့ address bar မှာရိုက်ပါ။ တဖန် filter bar မှာ browser.urlbar ကို ရိုက်ပါမည်။
“ browser.urlbar.maxRichResults entry ” ကို double click နှိပ်ရ်ျ ပေါ်လာသော popup window မှာ integer value ကို 5 သို့ပြောင်းလိုက်ပါ။
ယ္ခု awesome bar မှာ default 12 ခုကနေ 5 ခုပြောင်းသွားပါမယ်။ လုံးဝ မမြင်ချင်ရင်တော့ 0 သာပြောင်းလိုက်ဗျာ :-)

Awesome bar က 5 ခုနဲ့နည်းသွားပြီဆိုတော့ ကိုယ် အသုံးများတဲ့ bookmarks က url တွေဘဲပေါ်ဘို့လိုပါတယ်။
ဒါမှ မြန်မြန်ဆန်ဆန် သုံးနိုင်မှာပေါ့။ “ browser.urlbar.matchOnlyTyped ” ကို double click နဲ့ true ကိုပြောင်းပေးလိုက်ပါ။
နောင် အမြဲသုံးတဲ့ bookmarks 5 ခုဘဲပြနေပါလိမ့်မယ်။

Old addons to work in Firefox 3

Firefox 3 မှာ addons တစ်ချို့ အလုပ်မလုပ်တော့ပါဘူး။ နောင်မှာတော့ update လုပ်လာမယ်ထင်ပါတယ်။
ဒီ addons တွေအတွက် ပြင်ပေးလို့ရပါတယ်။

ရှေ့ကအတိုင်း “ about:config ” ကို address bar မှာရိုက်ပါ။ Filter bar မှ extensions.check ကို ရိုက်ပါ။
“ extensions.checkCompatibility ” နဲ့ “ extensions.checkUpdateSecurity ” ကို double click ဖြင့် false သို့ ပြောင်းပေးပါ။
ဒါဆို okey ပြီ။

Firefox's new Zoom feature


Firefox 3 ရဲ့ zoom feature အသစ်ဟာ webpages ကို ချုံ့ သို့ ချဲ့ ကြည့်ပြီး ဒီအတိုင်းပိတ်လိုက်မယ်။ ပြီးမှ အဲဒီ webpages ကို ပြန်ဖွင့်ရင်
နဂို zoom ချုံ့ သို့ ချဲ့ ထားတဲ့ အနေအထားအတိုင်း ပြန်ပေါ်စေပါတယ်။ လိုအပ်မှ ချုံ့ သို့ ချဲ့ မယ် ၊ zoom 100 မှာဘဲပြန်ပေါ်အောင်လုပ်ချင်ရင် ရပါတယ်။

address bar မှာ “ about:config ” ရိုက်မယ်။ “ browser.zoom.siteSpecific ” ကို filter bar မှာ ရှာမယ်။
တွေ့ရင် double click နဲ့ false ကိုပြောင်းထားပေါ့။ ဒါဆို ပြန်ဖွင့်တိုင်း 100 zoom နဲ့ဘဲပြပါတော့မယ်။

Firefox 3 ပြောင်းသုံးပြီး အခက်အခဲမရှိ ပျော်ရွှင်ကြပါစေ။