Hypercam 2

ကွန်ပြူတာမှာ ပြုလုပ်ထားတဲ့ မိမိ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားချင်တဲ့ ဆန္ဒမျိုး ဖြစ်ကြပါမယ်။
အဲဒီ ဆန္ဒတွေထဲမှာ ဗီဒီယိုမှတ်တမ်းလေး လုပ်ချင်ရင် digital camera သို့ camcorder မပါဘဲ ဗီဒီယို မှတ်တမ်းလုပ်တဲ့ ဆော့ဖ်ဝဲလ် ရှိပါတယ်။

တစ်ချို့ အကြောင်းအရာတွေကို စာတွေ ပုံတွေ ထက် ဗီဒီယိုဖိုင် နဲ့က အနားနား ရှင်းပြပေးသလို
လွယ်ကူသွားစေပါတယ်။များစွာထဲကမှ သုံးမိတာ hypercam 2 ပါ။

လိုအပ်တယ်၊မရှိသေးဘူးဆိုရင် သုံးစွဲကြည့်သင့်ပါတယ်။



သုံးနည်း အကျဉ်းကတော့

1.File ကို ဒေါင်းလုဒ်လုပ်ပြီး win.rar ကိုဖြေလိုက်ပါ။

2.Install လုပ်ငန်းပြီးလျှင် serial hc 2 ကို ဖြည့်ပါမည်။

3.မိမိနှင့်အသုံးတဲ့သော setting မျိုးချိန်ညှိပါမည်။ defult အနေနှင့်လည်းထားနိုင်ပါသည်။
သတိပြုရန်မှာ upload အတွက်ရည်ရွယ်လျှင် ဖိုင်သေးနိုင်ရန် frame size လျှော့ခြင်း၊compress လုပ်ခြင်း setting များ ကြိုတင်လုပ်ဆောင်ရပါမည်။

4.နောက်ခံအသံထည့်လိုလျှင် sound record အား mark လုပ်ခဲ့ရပါမည်။

5.start record ဖြင့် စတင်နိုင်ပါပြီ။

သုံးစွဲနည်းအသေးစိတ်သည် လက်တွေ့လုပ်ဆောင်မှုများ၊လိုအပ်ချက်များ အပေါ်ချိန်ဆရပြီး သာမန် နားလည်သူများပင် အခက်အခဲရှိမည်မထင်ပါ။



ကမ္ဘာပျက်မယ့်နေ့

တည်မြဲနေတဲ့ကမ္ဘာကြီး ဘယ်နေ့အဆုံးသတ်မလဲ သင်သိပါသလား။ကိုယ်တိုင်တွက်ချက်ကြည့်လို့ရရင်ကော သင်စိတ်ဝင်စားပါသလား။

ဘုရားသခင်က ကမ္ဘာကြီး ဖန်ဆင်းပြီးတာနဲ့ ကမ္ဘာပျက်မယ့်နေ့ကိုသိဘို့ ပဟေဠိတစ်ပုဒ် ထားခဲ့ပါတယ်။ဖြေရှင်းနိုင်ရင် ဘယ်တော့ ကမ္ဘာပျက်မလဲ သိပြီပေါ့..:)

ဒဏ္ဍာရီက ဒီလိုပါ။

ကြေးဝါအောက်ခံပြားပေါ်မှာ “ စိန်တိုင်” သုံးတိုင်စိုက်ထူထားပြီး တစ်တိုင်မှာ ရွယ်တူနှစ်ခု မပါတဲ့ ကွင်း ၆၄ ကွင်း အောက်မှအထက်သို့ ကြီးစဉ်ငယ်လိုက် စေတီပုံသဏ္ဍာန် စွပ်ထားတဲ့ခုံတစ်ခုပါ။
အဲဒါကို “ ဗြဟ္မာ့ဘုံ ” လို့ ခေါ်ပြီး အိန္ဒိယ နိုင်ငံ “ ဗီနာရီ ” မြို့ဘုရာရှိခိုးကျောင်းမှာတဲ့။
နောက် အဆိုက အင်ဒိုချိုင်းနားကျွန်းဆွယ် ဟနွိုင်းမြို့က ဘုရားကျောင်းတဲ့။ ဟနွိုင်းမျှော်စင် လို့ ခေါ်ပြန်တယ်။
မျက်စိထဲ စီဒီ ရာဘူးခုံ မှာ အရွယ်မတူစီဒီပြား ၆၄ ပြား ထည့်ထားပုံ မြင်မိတယ်။

စည်းကမ်းချက်က ကွင်း ၆၄ ကွင်းကို ကြီးစဉ်ငယ်လိုက်ပစုံအတိုင်း အခြားတစ်လွတ်ကိုရွှေ့ခြင်းပါ။ သို့သော် တစ်ကြိမ်မှာ တစ်ကွင်းဘဲရွှေ့ရမှာဖြစ်ပြီး ငယ်သောကွင်းသည် ကြီးသောကွင်းအောက် မည်သည့်အကြိမ်မှ မရောက်စေရ။ဘေးသို့ချမထားရတဲ့။ဒါပါဘဲ။

က်ျရွှေ့ခြင်းမပြီးဆုံးမီ မိုးကျိုး မုန်တိုင်းတွေ ကျရောက်ပြီး ကမ္ဘာကြီး ပျက်စီးရလိမ့်မယ် ဆိုဘဲ။

၃ကွင်းကို ၇ကြိမ်၊၄ကွင်းကို ၁၅ကြိမ်၊၅ကွင်းကို ၃၁ကြိမ်၊၆ကွင်းကို ၆၃ကြိမ် ရွှေ့ရတယ်။ ၆၃ကွင်းကို ဘယ်နှစ်ကြိမ်ရွှေ့ရမလဲပေါ့။ ဒါဆိုရှင်းလောက်ပါပြီ။

Photobucket

ပုံကို paint နဲ့ အလွယ်လုပ်လိုက်တာ။စုတ်တီးစုတ်ပြတ်လေး ဖြစ်နေတယ်။photoshop cs 3 တင်ပြီးမှ အသစ်ပြန်ဆွဲမယ်။

လူလဲပြီး နေ့ည ရွှေ့ရင် တစ်စက္ကန့် တစ်ကြိမ်နှုန်းနဲ့ဆို တစ်နှစ် (၃၁၁၀၄၀၀၀)ကြိမ် ရတယ်။
အခု ကမ္ဘာမပျက်သေးတာ ပြီးနိုင်တဲ့ အကြိမ်ရေ အထိ မရောက်သေးတာနေမှာ :P
ဒါဆို ဘယ်တော့လောက်ပြီးနိုင်မလဲ တွက်ကြည့်ကြပါ။

ဒီပဟေဠိကို ရှေးပညာရှင်တွေက ၃ကွင်း၊၄ကွင်း၊၅ကွင်း အကြိမ်ကို ကြည့်ပြီး အဖြေရသွားကြတယ်။ကျောက်သင်ပုန်း ပေရွက်တွေနဲ့နေမှာ။
လွယ်သလိုဘဲနော်။

firefox 3

ကျွန်တော်အရမ်းကိုနှစ်သက်မိတဲ့ firefox က version 3 ထွက်လာပါပြီ။ 17.6.2008 ကပါ။ ညွှန်းထားသလို သုံးရအဆင်ပြေပါတယ်။ ဘလော့ဂါတွေအတွက် အဆင်ပြေသလို သုံးသူလည်းများလှပါတယ်။ ဒီမှာ download ယူသုံးစွဲနိုင်ပါတယ်။

သတိထားမိတဲ့ထူးခြားချက်တွေကတော့ anti-malware and spyware ကာကွယ်မှုတွေ အဆင့်မြှင့်ထားတယ်။

add-on manager မှာ plug-in နဲ့ recommand feature တိုးလာပါတယ်။ အချို့ add-on တွေကတော့ compatible မဖြစ်သေးပေမယ့် update လုပ်လာမယ်လို့ ယူဆပါတယ်။

Download manager ကိုလည်း အသေးစိတ် အဆင့်မြှင့် လာပါတယ်။

Bookmarking feature ကလည်း ထို့အတူပါဘဲ။

Password remenber မှာလည်း ပိုမိုပြေပြစ် ချောမွေ့ လာပါတယ်။

memory သုံးစွဲမှုကိုလည်း လျှော့ချလိုက်တယ်။

Layout ကတော့ နည်းနည်းဘဲ ပြောင်းလာတယ်။

ခြုံပြောရရင် ကြိုက်ပြီးသားမို့ new version က ပိုကောင်းလာပါတယ်။

http://www.dria.org/wordpress/archives/2008/06/12/655/
http://lifehacker.com/392160/top-10-firefox-3-features
http://people.mozilla.com/~beltzner/overview-of-firefox3.swf ဒီလင့်တွေမှာတော့ အသေးစိတ်ရှင်းပြထားတယ်။
ပြောင်းသုံးကြည့်လိုက်ပါလား......

Internet pages load faster

web page တွေူloading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။

ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။

HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။ အပျံစား နဲ့ အမြန်သွားနိုင်ပါပြီ။