Free BitDefender AntiVirus 2009 Key for 1 year

ဒီလင့်မှာ ရီဂျစ်စတာ သွားလုပ်ရင် BitDefender AntiVirus 2009 တစ်နှစ်လိုင်စင် ရပါတယ်။ Create user နှိပ်လိုက်တာနဲ့ အီးမေးလ် စစ်စရာ မလို ချက်ချင်းကို ပေးတာ။ ဒီလောက်ပေါတာ ဟိုမှာ သွားဝယ်ဖို့ လိုသေးလို့လား :P

UPDATE ။ ။ http://www.nciku.com/ This link is chinese font handwriting tool

ဆော့ဖ်ဝဲလ် ကို ဒီမှာ ရယူ နိုင်ပါတယ်။

http://reg.qihoo.com/index.php?op=register&src=360sd&tpl=360sd&destUrl=http://sd.360.cn/sqk.html ကို ဖြည့်ရခက်မှာစိုးလို့ Chinese to english translate လုပ်ပြီး register လုပ်လည်း လက္ခံပါတယ်။

Skin for Kaspersky

လှတပတ လေးတွေ လူတိုင်း နှစ်လိုကြပါတယ်။ ဒီတော့ အလှအပ တွေနဲ့ ဆွဲဆောင်လာပြန်တော့ မငြင်းရက်တော့ဘူးဗျာ :) မနေ့က Gmail Theme တွေ့တော့ ချက်ချင်း ပြောင်းကြည့်တာပေါ့။ Kaspersky Theme တွေကိုလည်း ပြောင်းပြီး အလန်းလေး ဖြစ်သွားအောင် လုပ်ထားကြမလား...

အောက်ပါလင့်တွေမှာ အမျိုးမျိုးသော ဒီဇိုင်းတွေ ရွေးချယ်နိုင်ပါတယ်။

Skins for KAV/KIS 6.0

Skins for KAV/KIS 7.0

Skins for KAV/KIS 8.0 n see also

ပြောင်းပေးပုံက

-ပထမ နှစ်သက်တဲ့ Theme ကို ဒေါင်းလုဒ် လုပ်ပါမယ်။
-zip ကို အဆင်ပြေတဲ့ နေရာ ဖြည်ထားလိုက်ပါ။
-ပြီးလျှင် ပရိုဂရမ် ဖွင့်ပြီး setting \apparance \browse ကနေ ဖြေထားတဲ့ဖိုင်ကို သွားရွေးပေးလိုက်ရုံပါဘဲ။

ဒါဆို Kaspersky Theme က လန်းတယ်ပေါ့။

ကျော်ခွ သွားရန် Alwaysvpn

အတားအဆီးတွေ ကျော်ဖြတ်ပေးတဲ့ ဆော့ဖ်ဝဲလ် အတော်များများရှိပါတယ်။ Alwaysvpn ကတော့ windows,mac,linux စတဲ့ ပလက်ဖေါင်း အားလုံးမှာ သုံးနိုင်ပါတယ်။ Beta version မှာတောင် အတော်လေး အဆင်ပြေပြေ သုံးနိုင်ပါတယ်။

မိမိ ကွန်ပြူတာမှာ VPN( virtual private network ) တည်ဆောက်ပြီး သူ့ရဲ့ ဆာဗာပေါ်ကနေ ဖြတ်သန်းစေပါတယ်။ သုံးထားတာက Opendns server ပါ။

Alwaysvpn သုံးရင် U.S only တွေဖြစ်တဲ့ ABC,Pandora,Veoh,Hulu,CWTV စတဲ့ အင်တာနက် တီဗီ တွေ ကြည့်နိုင်တဲ့ US ip ကို ရရှိသွားပါတယ်။ ကွန်နက်ရှင် သိပ်ကျဆင်းရင် ပြုတ်ထွက် သွားတတ်ပေမယ့် auto reconnect လုပ်ပေးပါတယ်။

ဒီလင့်မှာ Alwaysvpn ရယူနိုင်ပါတယ်။ Torrent download လုပ်နိုင်အောင် Openvpn ရယူပြီး ဖြစ်နေရင် install လုပ်ရာမှာ openvpn ကိုဖြုတ်ထားခဲ့နိုင်ပါတယ်။ အသုံးပြုပုံက Openvpn GUI ကိုဖွင့်ပြီး system tray icon မှာ ညာကလစ်နဲ့ alwaysvpn-tcp-compatible ကို connect ရွေးပေးထားရုံပါ။ ချိတ်ဆက်သွားရင် အိုင်ကွန်ဟာ အစိမ်းရောင် ဖြစ်သွားပါမယ်။ Alwaysvpn-udp-faster က error correction လုပ်ပေးပါတယ်။

Proxy address နဲ့သုံးနေလည်း browser မှာ ဖြည့်ပေးဖို့ မလိုဘဲ blank ထားပြီး သုံးရပါတယ်။ Adult site တွေကို ဒီနည်းနဲ့ ကျော်ရင်တော့ ခွင့်ပြုမှာ မဟုတ်ဘူး :P Opendns က တားပါလိမ့်မယ်။

Google Chrome Dual View

အကြောင်းအရာတူ ဆိုဒ်နှစ်ခုကို နှိုင်းယှဉ် သုံးသပ်ရတဲ့ အခါများ အကြောင်းအရာ တစ်ခုကို ကိုးကား ခြေရာပြန်ကောက်ရတဲ့ အခါများမှာ Browser windows နှစ်ခု သို့ Tab နှစ်ခု သုံးပြီး ယှဉ်တွဲ ခဲ့ရတာပါ။ ၀င်းဒိုးနှစ်ခုကို ချုံ့ အရွယ်တော်ညှိပြီး ဘယ်ညာ နေရာချပြီး ကြည့်ရမယ် ဒါမှမဟုတ် ဟိုတပ်နှိပ် ဒီတပ်နှိပ် ရနဲ့ သိပ်မမိုက်လှ ပါဘူးဗျာ။

Chrome မှာတော့ plugin သုံးပြီး Tab တစ်ခုထဲမှာဘဲ ယှဉ်တွဲ ကြည့်နိုင်သွားတယ်။ Screen resolution နိမ့်နေရင်တော့ ပြည့်ဝစွာမြင်ရဖို့ ခဲယဉ်းပါမယ်။
ရယူ သုံးစွဲ ရာမှာလည်း အခက်အခဲ မရှိပါဘူး။
ဒီ Chrome dual view plugin ကို toolbar ပေါ် drag n drop ဆွဲထည့်ထားမယ်။
လိုအပ်ရင် Chrome dual view ကိုနှိပ်ပြီး first popup မှာ လိပ်စာတစ်ခု second popup မှာ ယှဉ်တွဲမယ့် လိပ်စာဖြည့်ပေးလိုက်ရင် ရပါပြီ။
ဒါဆို သေသေ သပ်သပ်လေး နှိုင်းယှဉ်ကြည့်နိုင်ပြီပေါ့....