Still auto reboot the Blue Screen

Blue screen errors ကို ဘယ်လိုလုပ်ရမလဲ PP က မေးလို့ error code ကို ဓါတ်ပုံရိုက် ထားပေးပါလို့ ဖြေလိုက်တယ် :) ။ တစ်ကယ်လည်း သူက ခဏသာပေါ်ပြီး ရီဘုဒ် လုပ်သွားတော့ ကူးရခက်တယ်။ ဒီလို ဖြစ်လာရင် ကင်မရာ မဆောင်ရတဲ့ နည်းလေး ရှိပါတယ်။ အဲ... ကုဒ်ရရင် ဘယ်လို ဖြေရှင်းရမလဲ ဆိုတော့ ဂူဂယ်မှာ ရှာကြည့်ပေါ့..အဟီး....

Computer icon ပေါ် right click ထောက်ပြီး properties ကိုရွေးပါတယ်။ System properties screen ရဲ့ ဘယ်ဘက်က Advanced system settings ကို ဆက်နှိပ်လိုက်ပါမယ်။ Startup and Recovery ရဲ့ setting ကိုနှိပ်ပြီး automatically restart ကို အမှန်ခြစ် ဖြုတ်ပေးလိုက်ပါ။

အထက်ပါ နည်းလမ်း မပြောင်းရသေးခင် error restart ဖြစ်ခြင်း ကြုံလာလျှင်လည်း F8 key ကို boot တက်ချိန် နှိပ်ထားပြီး Advanced Boot Options မှာ disable automatic restart on system failure ကိုရွေးပေးလျှင်လည်း ရနိုင်ပါတယ်။
ဒါဆို နောက်တစ်ကြိမ် failure ဖြစ်လာရင် error code ကို ကူးယူနိုင်အောင် BSOD က ရပ်နေပါပြီ။ Manually reboot ပြန်လုပ်တာပေါ့။
“Error ဖြေရှင်းပုံများကို ထပ်မံ ဖြည့်စွက်ပါမည်”။

0 comments: