Rss translate with Mloovi

Blog,web တွေမှာ feed နဲ့ စောင့်ဖတ် ကြသူတွေ အတွက် ဘာသာခြား ဆိုဒ်တွေမှာ ရယူဘို့ ခက်ခဲမှာပါ။ ပုံမှန် အားဖြင့် ဂူဂယ် မှာ မိမိ ရှာလိုက်တဲ့ စကားစု ကို ဘာသာခြား ဆိုဒ်မှာ ရှာတွေ့ခဲ့ရင် translate ကို နှိပ်လိုက်ရုံပါဘဲ။ ဒီလိုမျိုး တစ်နည်းနည်းနဲ့ ရရှိထားတဲ့ ဘာသာခြား ဆိုဒ်တွေရဲ့ feed ကို translate လုပ်ပြီး ဖတ်ရင်လည်း ရပါတယ်။ feed အပြည့်မပေးတောင် အသစ်တင်ရင် ကိုယ့်အတွက် အသုံးဝင် မ၀င် ချက်ချင်း ဆုံးဖြတ် နိုင်တာပေါ့။

Mloovi ဆိုတဲ့ ဆိုဒ်လေးပါ။ မိမိ စောင့်ဖတ်မယ့် feed ကို ရယူပြီး mloovi မှာ နှစ်သက်ရာ ဘာသာစကား ကို ချိန်းလိုက်ပါ။

mloovi က ပေးတဲ့ လင့် ကို မိမိ အသုံးပြုတဲ့ reader မှာ ထည့် ပေးလိုက်ရုံ ပါဘဲ။
အာရဘီ၊ဘူဂေးရီးယန်း၊တရုပ်၊ခရိုအေးရှန်း၊ချက် စသဖြင့် google translate အတိုင်း ဘာသာ 24 မျိုး ကို အပြန်အလှန် ပြောင်းလည်း နိုင်ပါတယ်။
နားမလည်တဲ့ ဘာသာနဲ့ ရေးထားလဲ ကိုယ့် အတွက် အသုံးဝင် တာတွေ ရမယ့် ဆိုဒ်မျိုးဆို mloovi နဲ့ မလွတ်တမ်း စောင့်ကြည့်နိုင်ပြီပေါ့။

0 comments: