Start Ultrasurf when Windows starts

ဒီနေ့ MPT Proxy address ရိုက်ပြီးသုံးလို့ မရတော့ဘူးဆိုတော့ သော့ခာတ် ထားတာတွေချည်း တိုးနေတယ်။ ဒီလောက်ဖြစ်လှတာ Ultrasurf (US) ကို startup program ထဲ သွားထည့်ထားလိုက်တယ်။ အကုန်လုံး US နဲ့ဘဲ လစ်တော့တယ်..:)

US က ၀င်းဒိုး တက်တက်ချင်း ဖွင့်နိုင်တဲ့ ဆက်တင်မပါလို့ ကိုယ့်ဘာသာထည့်ပေးတာပါ။ ငှက်ပျောသီး နွှာသလောက် လွယ်ပါတယ်။
Computer\Disk:C\programs မှာ new folder တစ်ခုဖန်တီးပြီး Ultrasurf လို့ နာမည်ပေးလိုက်တယ်။ Folder ထဲကို US ရွှေ့ထားလိုက်တယ်။

ပြီးရင် windows key+R\regedit နဲ့ registry editor ကိုဝင်ပါတယ်။

ံHKEY LOCAL MACHINE\Software\Microsoft\Windows\CurrentVersion\Run ထိရှာလိုက်ပါတယ်။

Runမှာ ကိုယ့် startup program တွေ မြင်နေရပါတယ်။ ဒီ startup program တွေအောက်မှာ right click\new\string value ကိုရွေးလိုက်တယ်။

New value ကို Ultrasurf လို့ နာမည်ပေးပေါ့။ နာမည်ပေးပြီးတော့ right click\modify သွားပြီး value data ကို C:\Program Files\Ultrasurf\Ultrasurf.exe လို့ ထည့်ပေးလိုက်တယ်။

ဒါဆိုရပြီလေ။ restart ချလိုက်ရင် US ကို တကူးတက ဖွင့်နေစရာ မလိုတော့ဘူး။

US option မှာ set IE proxy automatically ရွေးလိုက်တော့ online ကိစ္စ မှန်သမျှ US နဲ့ သာ လစ်ပါတော့တယ်။
myantel ကိုချိတ်ဘို့ directly use Ultrafurf ရွေးပေးရတာပေါ့။ Ultrasurf ပြောင်းရွှေ့နေရတာ ခုမှသက်သာသွားတော့တယ်။

လိုမှသုံးမယ် ပြန်ဖြုတ်ချင်တယ်ဆို win key+R\msconfig\startup သွားပြီး Home ultra ကို အမှန်ခြစ်လေး ပြန်ဖြုတ်တာပေါ့။

Two way သုံးမယ်ဆို IE အတွက် IEpro ရှိပြီး Firefox အတွက် foxyproxy တွေ ရှိနေပါသေးတယ်။
လိုအပ်ချက် ကသာ အဓိကပါ။ နည်းလမ်းပေါင်းစုံက ....................

2 comments:

Aung Pyae Hein said...

FoxyProxy ko bal lo tone ya tha la`
1 sate lout reply lote pay par
thanks

by
Aung Pyae Hein

sanle said...

Foxyproxy ext. installed ပြီးရင် status bar မှာ တွေ့ရမယ်။ rightclick \options \Default \Edit selection သွားပြီး proxy details \manural proxy config မှာ 127.0.0.1:9666 ဖြည့်ပါ။ rightclick နဲ့ use proxy default ရွေးရင် ultrasurf ရပြီ။ completely disable ရွေးထားရင် မူရင်း ISP proxy ဖြစ်သွားပါမယ်။ ပုံ ကိုကြည့်လိုက်ပါ။ အဆင်ပြေပါစေ ခင်ဗျာ...