Snarfer RSS reader


သတင်းမုဆိုး တွေအတွက် application တစ်ခုပါ။ Browser တစ်ခုလိုပါ အသုံးချနိုင်ပြီး လိုချင်တဲ့ သတင်းကို ကလစ်ထောက် ဖတ်ရှုနိုင်ပါတယ်။ Windows live mail ( outlook ) မှာ RSS မှာယူရာကနေ Snarfer တွေ့လို့ သူ့ကိုဘဲ ပြောင်းသုံးသွားတော့တယ်။
File size က 400kb သာရှိပြီး free ပေးပေမယ့် မယုံနိုင်စရာ support လုပ်ပေးထားပါတယ်။ Data base ကြီးတဲ့ဆိုဒ်တွေမှာ loading time လျှော့ကျသွားလို့ RSS နဲ့ ဖတ်ရတာ နှစ်သက်သူတွေ လိုအပ်ပါလိမ့်မယ်။

ှSnarfer မှာက နှစ်သက်တဲ့ စတိုင် ဆင်ယင်နိုင်သလို feeds plugin များစွာလည်း ပေါင်းထည့်နိုင်သေးတယ်။
RSS ဖတ်ရှုဖို့ google reader စတိုင်မြင်ကွင်းကျယ် ဒီဇိုင်းထုတ်ထားတာမို့ အခြား pluginတွေ reader တွေက ဖတ်ရတာထက် အဆင်ပြေပါလိမ့်မယ်။
သုံးစွဲစဉ် တွေ့လာတဲ့ ချွတ်ယွင်းလိုအပ်ချက်တွေ သိလိုတဲ့ အချက်တွေ အပြင် ဆော့ဖ်ဝဲလ်အတွက် ကြေငြာသတိပေးတာတွေ တောင်းဆိုတာတွေကို လုပ်နိုင် လေ့လာနိုင်ပါတယ်။
Defult အနေနဲ့ ကဏ္ဍ ၁၅ ခုခွဲပြီး အောင်မြင်တဲ့ သတင်းဌာနတွေဆီက update ဖတ်နိုင်သလို နှစ်သက်ရာ site က RSS ပေါင်းထည့်နိုင်ပါတယ်။
RSS ရယူခွင့်ပြုထားတဲ့ site တွေက အပြည့်အစုံ ရှယ်မလုပ်ထားရင်လည်း browser လို redirect လုပ်ပေးပါတယ်။
comment တွေ rating တွေ ချက်ချင်းပေးဘို့ သီးသန့် browser မဖွင့်ရတော့ပါဘူး။ feeds update လုပ်ချိန်လည်းမြန်တယ်။
Photobucket
Portable အနေနဲ့ သုံးနိုင်အောင် ပြောင်းပြီး download link တင်ထားပါတယ်။ Cyber မှာ memory stick နဲ့ သုံးနေသူတွေ အတွက်ရည်ရွယ်တာပါ။
Plugin တွေပါ ပေါင်းထည့်ပေးထားပါတယ်။ Stick မှာ zip ဖြည်သုံးရုံပါ။ ဒါပေမယ့် ပုံတွေ နဲ့ RSS အပြည့်မရတဲ့ ဆိုဒ်တွေကိုတော့ သီးခြားcopy လုပ်ရပါမယ်။
Direct con. သို့ system နဲ့ သုံးမယ်ဆို homepage မှာ screenshot တွေနဲ့အတူ ဒေါင်းလုဒ် လုပ်လို့ရပါတယ်။
စာရှုသူတွေကို beginner လို install လုပ်ပုံ သုံးစွဲပုံတွေ ရှင်းမပြတော့ပါဘူး။ ရိုးစင်းလွယ်ကူမယ် ထင်ပါတယ်။
စိတ်ဝင်စားစရာ မကောင်းရင်တော့ ကြော်ငြာသူ ညံ့လို့နေမှာ...:)

Homepage

Download portable snarfer

2 comments:

Republic said...

ကျေးဇူးပါ ..ကိုလင်းစံလီ ၊၊
DL လုပ်လိုက်ပါတယ် ၊၊ PC က .rar file ကို extract လုပ်လို့မရဘူးဖြစ်နေတယ် ၊၊Vista O/S သုံးနေတာပါ၊၊

စံလီ said...

con. ကြောင့်ထင်ပါတယ်။ 532k အပြည့်ရရဲ့လား ပြန်ကြည့်ပေးပါဦး။ အဆင်ပြေပါစေ။