New feature from gmail labs

ဟား..ဟား..နမော်နမဲ့ စာမဖတ်ဘဲ စမ်းမိတာ 14 မိနစ် ရပ်ထားလိုက်ရတယ်။ Gmail labs ရဲ့ အမြည်းလေး အငမ်းမရ စားတဲ့အကျိုးပေါ့။
Gmail labs ပေးထားတာ ခုမှသိတယ်။ Glite နဲ့ လစ်နေတာကိုး။ https://mail.google.com နဲ့ မမြည်းရသေးရင် သွားမြည်းကြည့်လိုက်ပါ။ အရသာလေးကတော့........တယ်ရှိ..

Photobucket
Gmail ထဲက setting\labs ကိုသွားလိုက်ရင် new features 13 ခုတွေ့ရပါမယ်။ Disable လုပ်ထားတယ်။ သုံးချင်တဲ့ feature ကို enable လုပ်ရုံပါဘဲ။ Firefox extension တွေနဲ့ ဆင်တူပါတယ်။

Quick Links

Gmail ညာဘက် sidebar မှာလာပေါ်ပါတယ်။ သီးခြား မှတ်သားထားချင်တဲ့ message ကိုဖွင့်ပြီး Add quick link နှိပ်ပြီး မှတ်သားတာပါ။
Lable လည်းနှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ Gmail bookmarks ပေါ့။

Superstars

Gmail ရဲ့ setting\general မှာ star icom 12 ခုဖြစ်နေတာတွေ့ရပါမယ်။ လိုအပ်သလောက် drag n drop ပေါင်းထည့်ပြီး သုံးနိုင်ပါတယ်။
ကြိုက်သလောက် သုံးဆိုပြီး ပေးထားတယ်နဲ့ တူတယ်။ Gmail storage တက်လာတာနဲ့ လိုက်ဖက်ညီပေါ့။

Custom keyboard shortcuts

mail မှာ keyboard shortcuts ထည့်ပေါင်းထားတယ်။ လေ့လာမယ်ဆို setting\keyboard shortcuts မှာမှတ်သားနိုင်ပါတယ်။

Pictures in chat

Mail ထဲက chat ရင် ပုံပေါ်လာတာပါ။

Email addict

Screen ညာအပေါ် mail address နဲ့ setting ကြား take a break ပေါ် လာပါတယ်။ ကျွန်တော်မိတဲ့ ငရုပ်သီး 14 မိနစ် breaktime ယူလိုက်ရတယ်။

ထွေထွေရာရာလေးတွေ ပေါင်းထည့်လာတာ နှစ်လိုစရာပါ။ ခက်ခက်ခဲခဲတွေလည်း မပါဘံ သုံးရပိုအဆင်ပြေအောင် ထပ်တိုးထားတဲ့ feature တွေပါ။
လိုအပ်ရင် send feedback ကနေ lab တစ်ခုချင်းကို မေးမြန်းနိုင်ပါသေးတယ်။
ကျွန်တော်တော့ စာရွက်နဲ့ စာပို့စနစ်ကို စိတ်ကုန်သွားတယ်။ ဒါကြောင့် Gmail ရှိသူကိုဘဲ.....................................:-D

1 comments:

Republic said...

စမ်းကြည့်မယ် ..စမ်းကြည့်မယ်ဗျာ..