McAfee SiteAdvisor

Firefox 3.0.1 upgrade လုပ်ပြီး bug တွေနည်းသွားတယ်၊security ပိုကောင်းလာတယ်ဆိုလို့ စမ်းရင်း ရှာရင်း မဆီမဆိုင် McAfee SiteAdvisor သွားတွေ့တယ်။ Search engine တွေက ရှာပေးသမျှ ကောင်းသလား ဆိုးသလား ခွဲခြားပေးသလို မိမိဆိုဒ် သို့ သွားမယ့်ဆိုဒ်ကိုလည်း စစ်ဆေးပေးပါတယ်။ Spyware တွေ Virus တွေရှိရင် သတိပေးတော့ တော်တော် အဆင်ပြေပါတယ်။

McAfee SiteAdvisor က browser addon အဖြစ် free ပေးသလို www.siteadvisor.com မှာ url ရိုက်ပြီးလည်း စစ်ဆေးနိုင်ပါတယ်။

Browser addon အဖြစ်သုံးရင် search result မှာ warning နီစိမ်းဝါတွေနဲ့ ခွဲခြားပြပေးပါတယ်။

url ရိုက်ပြီး စစ်ရင်လည်း နီစိမ်းဝါနဲ့သာပြပါတယ်။ ဒါ့အပြင် ဘယ်လင့်တွေ ဖိုင်တွေကဖြင့် လုံခြုံရေး အဆင့် ဘယ်လောက်ရှိသလဲ meter နဲ့ ကြည့်နိုင်ပါသေးတယ်။
Virus software ကောင်းရှိနေပါစေ ဒုစရိုက်နယ်မြေကို ကြိုသိကြိုရှောင်ရအောင် siteadviser နဲ့ McAfee addon လေးကို ရှေ့က ပေးသွားလိုက်ပါလား.........

0 comments: