Iphone 2.0 upgrade,unlock and jailbreak

Iphone 2.0 upgrade ရသွားပါပြီ။ ဘာ error မှမပြဘဲ unlock လုပ်နိုင်ခဲ့ပါတယ်။ Iphone/Ipod touch version မြှင့်ချင်သူတွေ အတွက် လက်တို့လိုက်တာပါ။ 3g တွေတောင် ရပါပြီ။

Downgrade တုန်းက itunes 7.5 ကို ပြန်ဖြုတ် restart ချ လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ ဒေါင်းလုဒ်လုပ်တာပေါ့။

လိုအပ်တာက ms .net 2.0 ရယ် iphone firmware 2.0 ရယ် winpwn 2.0.0.3 ရယ် itunes 7.7 ရယ် bootloader 3.9,4.6 ရယ်ပါ။
firmware 2.0 က 2g နဲ့ 3g ခွဲပါတယ်။ mac အတွက် pwnage 2.0 ကိုသုံးပါတယ်။

အားလုံး install လုပ်ပြီးတော့ desktop မှာ pwnage folder ဆောက်ပြီး bootloader file နှစ်ခုနဲ့ firmware 2.0 file ကိုထည့်လိုက်ပါတယ်။

winpwn ကို run ပါတယ်။

browse .ipsw ကိုနှိပ်ပြီး pwnage folder ထဲက iphone 2.0 file ကိုရွေးပေးပါတယ်။


ပြီးရင် IPSW BUILDER ကိုနှိပ်ရတာပေါ့

IPSW BUILDER Windows မှာ application ကိုဝင် install cydia နဲ့ you tube activation fix ကို အမှန်ခြစ်ရွေးပေါ့။

IPSW BUILDER Windows မှာဘဲ custom images ကိုသွား use custom pictuare ကိုရွေးရပါတယ်။

search online နှိပ်လိုက်ရင် bootlogo 60 မှာနှစ်သက်ရာ ရွေးတာပေါ့။ offline ဆိုရင် တော့ မရွေးဘဲထားခဲ့နိုင်တာဘဲ။

IPSW BUILDER Windows မှာဘဲ custom payload ကို ထားခဲ့ပြီး advanced tab ကိုသွားပါတယ်။
activate phone,enable baseband update,neuter bootloader 3.9/4.6 နဲ့ unlock baseband ကို အမှန်ခြစ် ရွေးပေးပါတယ်။

အဲဒီအောက်မှာဘဲ bootloader တွေ မရွေးသေးရကြောင်း တွေ့ရပါတယ်။ Bootloader 3.9 file ခလုပ်ကိုနှိပ် pwnage folder ထဲက BL 39 ရွေးလိုက်တယ်။ BL 4.6 လည်း ဒီအတိုင်းပေါ့။


ဒါဆို အောက်ဆုံးက Build .ipsw ကို နှိပ်လို့ရပြီ။ ဘယ်မှာ save လုပ်မလဲဆို ရှာရလွယ်အောင် pwnage folder မှာဘဲ သွားသိမ်းလိုက်တယ်။

၁၀ မိနစ်လောက် စောင့်ပြီးရင် IPSW file created ဖြစ်သွားတယ်။

desktop ပေါ်က pwnage folder ထဲမှာ custom iphone 2.0 file အသစ်တိုးနေပါတယ်။

ဆက်ပြီး IPWNER ခလုပ်ကို ထပ်နှိပ်ရပါတယ်။ မနှိပ်မိရင် error 1600 to 1602 တက်လာတယ် ဆိုပါတယ်။ ပြန်လုပ်နေရမှာပေါ့။

ခဏနေတော့ you itunes has been pwned! လို့ ကြေငြာလာတယ်။

ဒါဆို winpwn လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။
ဆက်လုပ်ရတာက iphone ကို ကွန်ပြူတာနဲ့ ဆက်သွယ် ပြီးရင် ပါဝါ ပိတ်ပေါ့။ ဖုန်းထဲမှာ သုံးမယ့် ဖုန်းကဒ် ထည့်ထားရပါမယ်။
DFU mode ကိုဝင်ဘို့ power နဲ့ home bottom ကို တစ်ပြိုင်တည်း ၁၀ စက္ကန့် ဖိထားမယ်။
ပြီးရင် power ကိုဘဲ လွှတ်ပြီး home ဆက်ဖိထားမယ်။ ကွန်ပြူတာမှာ ဘိဖ်သံပေးပြီး itunes windows တက်လာမှပြန်လွှတ်တယ်။

recovery message လေးတက်လာရင် ok နဲ့ ပိတ်-ပြီးရင် shift ကို ဖိထားပြီး restore ကို click ခေါက်တော့ restore file ရွေးဘို့ windows လေးတက်လာတယ်။

pwnage folder ထဲက custom iphone 2.0 file ကို ပြန်ရွေးပေးရင် itunes က restore လုပ်သွားပါတယ်။

restore လုပ်ငန်းစဉ်ပြီးတော့ iphone 2.0 ဟာ unlocked and jailbroken ဖြစ်နေတာတွေ့တော့ တော်တော် ပီတိဖြစ်သွားတယ်။ ပင်ပန်းရတာ တန်သွားတယ်။
GSM card ပြောင်းထည့်တော့ ok ဘဲ any sim ဖြစ်နေတယ်။ download နဲ့ internet browse ပိုင်းကိုတော့ cafe မှာ သွားစမ်းမှ ထူးခြားတာ သိရမယ်။
ကျေးဇူးတင်လို့ developer ကို donate လုပ်မလို့ account မရှိတာနဲ့ ရှဲရှဲနီ လုပ်ပြီး free kick လိုက်တယ် ဟီး..ဟီး...

2 comments:

Anonymous said...

IPodTouch အတွက်ရော ဘယ်လိုလုပ်ရမလဲ တင်ပေးပါဦး

စံလီ said...

ipodtouch 1.1.4 to 2.0 upgrade ကို ဒီအတိုင်း လုပ်ရပါတယ် ခင်ဗျာ။ any sim မလိုလို့ ပိုလွယ်မှာပါ။ လက်တွေ့ ပြောင်းခဲ့ရင် ဘယ်လို error တွေ ကြုံရလည်း တင်ပါ့မယ်။