Hacks for firefox 3

Firefox 3 ထွက်ပြီး နှစ်ပတ်အတွင်း download လုပ်သူ 27 သန်းကျော်ရှိခဲ့လို့ ဂင်းနစ် စံချိန်တင်သွားခဲ့ပါပြီ။ လိုအပ်ချက်တွေ ထပ်မံဖြည့်စွက်ပြီး version 3.1 ကို ယ္ခု ဇူလိုင်လမှာ ထပ်ထွက်လာပါမယ်။ မြန်မာမှာတော့ 4000 ခန့်သာ download လုပ်ခဲ့ပါတယ်။ အသေးစိတ်ကို ဒီဆိုဒ်မှာ လေ့လာနိုင်ပါတယ်။

Firefox 3 ရဲ့ trick တစ်ချို့စုဆောင်းထားပါတယ်။ အသုံးဝင်မယ်လို့ထင်ပါတယ်။ မရှိသေးလို့ download ဆွဲမယ်ဆို right sidebar မှာအဆင်သင့်ပါဘဲ။

Web-base email

Firefox 3 မှာ Yahoomail အမြန်ပို့ချင်ရင် tools\options\applications သို့သွားပါ။ search bar မှာ mailto ကိုရှာပြီး use yahoo! mail ကိုရွေးပေးပါ။
ဒါဆို file\send link ကို click လုပ်ရင် (သို့) mailto:link ဆိုပြီး url bar မှာ ရိုက်ရင် yahoomail အမြန်ပို့လို့ရပါပြီ။
remenber password လုပ်မထားရင်တော့ login အရင်ဝင်ရပါမယ်။

Gmail သုံးချင်ရင်တော့ url bar မှာ about:config ရိုက်ပါ။ ပြီးလျှင် filter bar မှာ “ gecko.handlerservice ” ရိုက်ပါ။
“gecko.handlerServiceAllowRegisterFromDifferentHost” ကို double click ဖြင့် true သို့ ပြောင်းပေးပါ။

ပြီးလျှင်“ javascript:window.navigator.registerProtocolHandler("mailto",
"https://mail.google.com/mail/?extsrc=mailto&url=%s","GMail") ” ဒီကုဒ်တွေကို url bar မှာ ရိုက်လိုက်ပါ။

ဒါဆို application ရဲ့ mailto:links မှာ gmail ကို လာပေါင်းထည့်ပါပြီ။ add application ကိုရွေးပေးလိုက်ပါ။
Yahoomail နေရာမှာ gmail ကို application ထဲဝင်ပြောင်းလိုက်ရင် Gmail အမြန်ပို့နိုင်ပါပြီ။

Maximum number of Awesome Bar results


င်္Firefox 3 ရဲ့ အသွင်သစ်တစ်ခုက bookmarks က url တွေ address bar မှာ ပါလာတာပါ။
လိပ်စာရိုက်ဘို့လုပ်တိုင်း url တွေ တစ်ပြုံတစ်မကြီး ကျလာတာ မျက်စိနောက်ရင် လျှော့လို့ရပါတယ်။

“ about:config ” လို့ address bar မှာရိုက်ပါ။ တဖန် filter bar မှာ browser.urlbar ကို ရိုက်ပါမည်။
“ browser.urlbar.maxRichResults entry ” ကို double click နှိပ်ရ်ျ ပေါ်လာသော popup window မှာ integer value ကို 5 သို့ပြောင်းလိုက်ပါ။
ယ္ခု awesome bar မှာ default 12 ခုကနေ 5 ခုပြောင်းသွားပါမယ်။ လုံးဝ မမြင်ချင်ရင်တော့ 0 သာပြောင်းလိုက်ဗျာ :-)

Awesome bar က 5 ခုနဲ့နည်းသွားပြီဆိုတော့ ကိုယ် အသုံးများတဲ့ bookmarks က url တွေဘဲပေါ်ဘို့လိုပါတယ်။
ဒါမှ မြန်မြန်ဆန်ဆန် သုံးနိုင်မှာပေါ့။ “ browser.urlbar.matchOnlyTyped ” ကို double click နဲ့ true ကိုပြောင်းပေးလိုက်ပါ။
နောင် အမြဲသုံးတဲ့ bookmarks 5 ခုဘဲပြနေပါလိမ့်မယ်။

Old addons to work in Firefox 3

Firefox 3 မှာ addons တစ်ချို့ အလုပ်မလုပ်တော့ပါဘူး။ နောင်မှာတော့ update လုပ်လာမယ်ထင်ပါတယ်။
ဒီ addons တွေအတွက် ပြင်ပေးလို့ရပါတယ်။

ရှေ့ကအတိုင်း “ about:config ” ကို address bar မှာရိုက်ပါ။ Filter bar မှ extensions.check ကို ရိုက်ပါ။
“ extensions.checkCompatibility ” နဲ့ “ extensions.checkUpdateSecurity ” ကို double click ဖြင့် false သို့ ပြောင်းပေးပါ။
ဒါဆို okey ပြီ။

Firefox's new Zoom feature


Firefox 3 ရဲ့ zoom feature အသစ်ဟာ webpages ကို ချုံ့ သို့ ချဲ့ ကြည့်ပြီး ဒီအတိုင်းပိတ်လိုက်မယ်။ ပြီးမှ အဲဒီ webpages ကို ပြန်ဖွင့်ရင်
နဂို zoom ချုံ့ သို့ ချဲ့ ထားတဲ့ အနေအထားအတိုင်း ပြန်ပေါ်စေပါတယ်။ လိုအပ်မှ ချုံ့ သို့ ချဲ့ မယ် ၊ zoom 100 မှာဘဲပြန်ပေါ်အောင်လုပ်ချင်ရင် ရပါတယ်။

address bar မှာ “ about:config ” ရိုက်မယ်။ “ browser.zoom.siteSpecific ” ကို filter bar မှာ ရှာမယ်။
တွေ့ရင် double click နဲ့ false ကိုပြောင်းထားပေါ့။ ဒါဆို ပြန်ဖွင့်တိုင်း 100 zoom နဲ့ဘဲပြပါတော့မယ်။

Firefox 3 ပြောင်းသုံးပြီး အခက်အခဲမရှိ ပျော်ရွှင်ကြပါစေ။

0 comments: