Google trends

ကမ္ဘာ့ရွာကြီးထဲ မြန်မာတွေ ဘာထွက်လုပ်နေလည်း google မှာရှာကြည့်တာ gmail ပို့နေကြတယ်။ sexy နဲ့ news က နောက်နားမှာရှိနေတယ်။အလုပ်ရှာ ပညာသင် ထက် သီချင်း ကိုပိုရှာနေသလိုဘဲ။ ဒါပေမယ့် gmail သုံးစွဲမှုမှာတော့ သြချလောက်ပေရဲ့။ ခက်ခဲတာမှ ပိုလိုချင်ကြပုံဘဲ။ ကျမ်းပြုလောက်အောင် အသေးစိတ်ရှာထားတာတော့ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါး မှန်းပြီးရှာကြည့်ထားတာ ဘ၀င်မကျရင် ကိုယ်တိုင် စမ်းသပ်ကြည့်စေချင်တယ်။

Google trends ရဲ့ address box မှာ သိချင်တဲ့ အမျိုးအစားများကို ကော်မာခံပြီး ရှာတာပါ။ ငါးမျိုးထိ ယှဉ်တွဲရှာနိုင်ပါတယ်။
website တွေလည်း trends for website မှာရှာနိုင်ပါတယ်။ မြန်မာလိုတော့ ရှာလို့မရပါဘူး။
Photobucket
နိုင်ငံတစ်ခုစီ နဲ့ ကာလကိုသီးသန့် ရွေးရှာလို့ရပါသေးတယ်။ US မှာတော့ more hot ternds နဲ့ သွားပြီး top 100 ကအကြောင်းအရာတွေ မှီငြမ်းပြီး ပိုစ်တင်ရင် site traffic တက်တယ်ဆိုလားဘဲ။
ဒီမှာတော့ မြန်မာမှုပြူရမှာပေါ့။ တစ်ချိန်က ဟိုမော်ဒယ်နာမည်နဲ့ အလုပ်ဖြစ်ခဲ့ဘူး သလိုပေါ့။ ခု နာဂစ်ကဥပမာပါ။
Photobucket
Defult အနေနဲ့ all region နဲ့ရှာပေးပြီး ဂရပ်ဖ်နဲ့ ပြပေးပါတယ်။
Photobucket
ကိုယ်သိချင်တဲ့ နိုင်ငံရွေးပြီး တစ်လ တစ်နှစ်ချင်းစီ 2004 ကစပြီးလေ့လာနိုင်ပါသေးတယ်။
မြန်မာအင်တာနက်သုံးစွဲတဲ့ ကာလအတွက်တော့ လုံလောက်စေပါတယ်။
Photobucket
ms excel ရှိရင် Export this page as a CSV file မှာ ဒေါင်းလုပ်ဒ် ရယူထားနိုင်ပါသေးတယ်။
လူတွေ ဘာကြိုက်လည်း သိတော့ အလိုလိုက် အကြိုက်ဆောင် ခါးပိုက်ထောင်ထဲ ထည့်စေဖို့တော့ google က ရည်ရွယ်ဟန်မတူပါဘူး။
ဗဟုသုတ အကျိုး တိုးပွားစေလိုကြောင်းလို့ဘဲ ထင်ပါတယ်။

0 comments: