Easter eggs

ကွန်ပြူတာထဲမှာ ကြက်ဥတွေရှာပြီး ကြော်စားကြရအောင်..Easter egg ဆိုတာကွန်ပြူတာဆော့ဖ်ဝဲလ်တွေထဲမှာ ၀ှက်ထားတဲ့ ပရိုဂရမ်ငယ်လေးတွေပါ။ဆော့ဖ်ဝဲလ် စားသုံးသူတွေအတွက် အပိုရွှေဆုပေါ့။ မသိလို့တော့ ဘာမှပြသနာမရှိသလို program ကိုလည်း မထိခိုက်စေပါဘူး။
ကြိုပြောပါရစေ..မလိုချင်လို့ uninstall လုပ်ချင်လည်း ကျွန်တော် မလုပ်တတ်ဘူးနော် :-)

ဒီကြက်ဥတွေဟာ program တွေရဲ့ သတင်းအချက်အလက်၊ပုံ၊လှုတ်ရှားမှု၊ပန်းချီတွေ ဒါမှမဟုတ် ထူးခြားတဲ့အသံဖိုင်၊ebook တွေ တစ်မျိုးမျိုးအဖြစ်
ပါဝင်လာပါတယ်။ အီစတာကြက်ဥတွေ ရှာဖွေကြော်စားလို့ရမယ့် နည်းတစ်ချို့ရှာထားတယ်..အောက်မှာ မြည်းကြည့်ပါဦး....

အီစတာပွဲတော်ကို Jesus Christ ပြန်လည်ရှင်သန် ထမြောက်လာမှုကို မျှော်လင့်တမ်းတတဲ့ အမှတ်တရပွဲတော်အဖြစ် ကျင်းပပါတယ်။ မတ်လ 21 ရက်နောက်ပိုင်း လပြည့်နေ့ နဲ့ကပ်လျှက် တနင်္ဂနွေနေ့ကို easter sanday လို့ သတ်မှတ်ပါတယ်။Good friday ကနေ easter monday အတွင်း ရက်သတ္တပတ်မှာ ဆေးရောင်ခြယ်ထားတဲ့ ကြက်ဥကို ကြိုတင်ဝှက်ထားပြီး ပြန်ရှာကြရတဲ့ ကစားနည်းရှိတယ်။
ဒါကိုအစွဲပြုပြီး ကွန်ပြူတာမှာ easter egg လို့ခေါ်လာတာ 1970 လောက်ကတည်းကလို့ဆိုတယ်။

Documation,help ခေါ် ebook,online help,auto update တွေနဲ့ လုံးဝ မသက်ဆိုင်ဘဲ သတ်မှတ်ထားတဲ့ key conbination တွေ အားလုံးတိုက်ဆိုင်မှ ဘွားခနဲ ဖြစ်လာတာမျိုးပါ။ ဥပမာ အနေနဲ့ အသုံးများတဲ့ OS,google နဲ့ firefox က easter eggs တွေ စုထားပါတယ်။

Firefox 3 မှာ about:robots,about:mozilla တို့ကို url bar မှာ ရိုက်ကြည့်ပြီး firefox egg တွေ တွေ့ရပါမယ်။

Vista OS မှာဆို Start\run\msconfig ဖြင့်သွားပါ။ system configuration\boot မှာ noGUIboot ကိုရွေးရင် vista boot screen ပြောင်းသွားပါမယ်။
ှStart menu ရဲ့ လွတ်နေတဲ့နေရာ ( near account`s picture ) မှာ Ctrl+Shift တွဲနှိပ်ပြီး right click နှိပ်ရင် exit explorer ဆိုတဲ့ egg လေးပေါ်လာပါတယ်။
Start\run\Media ကိုရိုက်ရင် windows ရဲ့ အသံဖိုင်တွေကို ရရှိလာပါမယ်။

https://mail.google.com/mail/help/paper/ ဒီလင့်ဟာ google ရဲ့ သီးသန့် paper mail ပါ။
www.google.com/intl/en/mentalplex/ ဒီလင့်ကိုလည်းဝင်ကြည့်လိုက်ပါ။
www.google.com မှာ “ answer to life, the universe, and everything ” ရိုက်ရှာရင် calculater ကိုရပါမယ်။
www.google.com/googlegulp/ ဒါက google ဖျော်ရည်ပါ။
www.google.com/microsoft
www.google.com/intl/xx-bork/
www.google.com/intl/xx-elmer/
www.google.com/intl/xx-piglatin/
www.google.com/intl/xx-hacker/ ကိုယ်တိုင်သာရှာကြည့်လိုက်ပါ။

http://maps.google.com/?ie=UTF8&om=1&z=16&ll=45.123785,-123.113962&spn=0.012112,0.024097&t=h
မီးလျှံကြားက မြေခွေးတစ်ကောင်ပါ။

http://www.google.com/reader မှာ login ၀င်ပါ။ mouse မသုံးဘဲ arrow key ကို အောက်က အစီအစဉ်အတိုင်းနှိပ်ကြည့်ပါ။
up
up
down
down
left
right
left
right
b
a
နင်ဂျာတွေဆီ သိုင်းသင်ကြရအောင်။

www.google.com/Easter/feature_easter.html ဂိမ်းဆော့မယ်လေ။

မိမိတို့ သုံးနေတဲ့ software တွေမှာလည်း easter egg တွေ ရှိပါတယ်။ အမှတ်မထင်တွေ့ရင် ကြော်စားပစ်လိုက်ပါ။ အသင့်ရှာထားပေးတဲ့ ဆိုဒ်တွေလည်းရှိပါတယ်။
www.eeggs.com/
www.eggheaven.com/
www.gamespot.com/ ဒီလင့်တွေမှာလည်း စုဆောင်းထားပါတယ်။
ပိုလိုခဲ့တယ်ဆို search engine တွေကို အပူကပ်လိုက်ပါ။
ပီတိများစွာဖြင့် ပျော်ရွှင်ကြပါစေ.........


0 comments: