Download Torrent file

“ torrent ဖြစ်နေတယ်ကွာ ” ဒီလိုတော့ မညည်းလိုက်ပါနဲ့။ Torrent download မရနိုင်ဘူးလို့ ယေဘူယျ ပြောနိုင်ပါတယ်။ ရနိုင်တဲ့ နည်းတွေလည်းရှိပါတယ်။ လူကြုံနဲ့ မှာလိုက်တာ မဟုတ်ဘူးနော်။ တစ်ကယ် လုပ်နိုင်တာပါ။ အနည်းငယ် ရှုတ်ထွေးပေမယ့် ရှားပါးဖိုင်တစ်ခုရပြီးရင် ပင်ပန်းရကျိုးနပ်စေပါတယ်။

ဒီနည်းက online game ကစားနိုင်ဘို့ studioamk.com က ပိုစ့်ရေးပြီး တင်ထားဖူးပါတယ်။ ကြုံတုန်း နဲနဲ ဖောလိုက်ဦးမယ်။
Torrent download ဆိုတာ ကွန်ပြူတာအချင်းချင်း peer to peer ချိတ်ဆက်ထားပြီး လိုချင်တဲ့ ဖိုင်ကို ရှိနေတဲ့ ကွန်ပြူတာတွေကနေ download ဆွဲချတာပါ။ P2P network မှာ ကွန်ပြူတာ သန်းချီ ချိတ်ဆက်ထားပါတယ်။ Torrent network များစွာရှိပြီး သက်ဆိုင်ရာ network ရဲ့ အထောက်အကူပြု ဆောဖ်ဝဲလ်နဲ့သာ ရယူသုံးစွဲရပါတယ်။ ကျွန်တော်ကတော့ လိုချင်တဲ့ ဆော့ဖ်ဝဲလ် ဘယ်နက်ဝေါ့ခ်မှာ ရှိလဲဘဲ ရှာပါတယ်။ ဘယ်နက်ဝေါ့ခ်မှာ မန်ဘာများလည်း မမှတ်ထားမိပါဘူး။ High speed download မရနိုင်လို့ပါ။ ရှားပါးဆော့ဖ်ဝဲလ် ခရပ်တွေ torrent မှာဘဲရှိနေချိန်သာသုံးပါတယ်။ ပေရှည်သွားပါပြီ။

Torrent download လုပ်ဘို့ VPN software နဲ့ your-freedom(YF) software လိုအပ်ပါတယ်။ VPN က ကိုယ့်ကွန်ပြူတာမှာ ( virtual private network ) ကွန်ယက်တု တစ်ခုဖန်တီးပြီး YF က VPN ကိုဖြတ်သန်းစေဘို့ပါ။
အလွယ်ဆိုရရင် ကျွန်တော်တို့ သုံးနေတာ web(http) အတွက်ပါ။ YF က secure network(https) ကဖြတ်သန်းပြီး torrent က really block ဖြစ်နေလို့ port forwarding နည်းနဲ့ secure network ကနေ ဖြတ်သန်းရယူလိုက်တာပါ။
Gmail ဟာ ဒီနည်းနဲ့ သွားနေတာပါ။ သူက https support ဖြစ်တော့ ဘာမှမလိုတော့ပါဘူး။

VPN homepage, your-freedom homepage နဲ့ utorrent homepage တွေမှာ ဆော့ဖ်ဝဲလ်တွေရယူ install လုပ်ရယူပါ။ YF ကအနည်းငယ် ရှုတ်ထွေးပါတယ်။ YF account ကို website မှာရယူထားပြီးဖြစ်ရပါမယ်။ JRE (java run time) ရှိထားရပါမယ်။ YF install လုပ်ပြီးရင် port setting မှာ socks 4/5,web proxy နဲ့ open vpn တို့ရဲ့ port တွေကို ရွေးချယ်ပါတယ်။
Photobucket
ထပ်ပြီး status\configure\server connection သွားပြီး address:ems.your-freedom.de,port:443,protocol:https တို့ကိုဖြည့်ပါမယ်။Automatically select best server ကိုရွေးခဲ့ပါမယ်။
Photobucket
Account information မှာ မိမိ username password ထည့်ပါ။
Photobucket
proxysetting မှာ မိမိ isp က proxyaddress နဲ့ proxyport ပါရင်ဖြည့်ရပါတယ်။ ခုနောက်ပိုင်း ISP တစ်ချို့မှာ မလိုကြတော့ပါဘူး။
Photobucket
ဒါဆို YF setting ဖြည့်လို့ပြီးပါပြီ။ Save and exit လုပ်လိုက်ပါ။ YF run လိုက်ပါ။
Photobucket
Openvpn ချိတ်ဆက်ဘို့ ခဏစောင့်ရပါတယ်။ ချိတ်ဆက်ပြီးရင် YF icon ပြောင်းပြီး network တစ်ခုတိုးလာပါလိမ့်မယ်။
Photobucket
utorrent ရဲ့ proxy server ကို none မှာထားပြီး torrent file or url ကို download ရယူနိုင်ပါပြီ။ network မှာ လိုချင်တဲ့ဖိုင်တွေ့တာနဲ့ download လုပ်ပေးပါလိမ့်မယ်။
Photobucket
P2P ဟာ ကွန်ပြူတာ 10 လုံးမှာ မိမိလိုချင်တဲ့ဖိုင်ရှိနေရင် 10 လုံးဆီက မျှဆွဲပေးတယ်ဆိုပေမယ့် YF က free version ဆိုရင် 64k limite ကြောင့် အချိန်ပေးရပါတယ်။

Networking သမားတွေက ပိုပိုင်နိုင်ကြမယ် ထင်ပါတယ်။ သိသလောက် ကိုသာ အခြေခံ စမ်းသပ်ထားလို့ ပြည့်စုံတယ်တော့ မဟုတ်ပါဘူး။ ဒီထက် ကောင်းတာ ရှိရင်လည်း လက်တို့ ကြပါဦး။
ISP ခွင့်မပြု ရင်တော့ မလုပ်သင့်လို့ နည်းပညာ အသိကိုဘဲ ဖလှယ်ရုံသက်သက် လို့သာ မှတ်ယူစေချင်ပါတယ်။
ဒီနည်းမှာ အဆင်မပြေတာ ရှိရင်လည်း နားလည်သလောက် ပြန်ရှင်းပေးပါ့မယ်။

3 comments:

Heinandar said...

အစ်ကိုခင်ဗျာ ကျနော် အစ်ကိုပြောသလိုလုပ်တာ ဖရီးဒန်းတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် open vpn ကို အင်စတောလုပ်ရာမှာ Continue anyway နဲ့လုပ်ခဲ့ရပါတယ်။ ပြီးတော့ ဖရီးဒန်းဖွင့်ပြီးချိန်မှာလည်း vpn က လာမချိတ်ပါဘူး။ Continue anyway နဲသွင်းခဲ့လို့များလား။ တော်တော်ကြီးကိုကြာအောင်စောင့်သောလည်း လုံးဝလာမချိတ်ပါ။ Network cable unplugged ဘဲဖြစ်နေပါတယ်။ ကူညီပါဦးခင်ဗျာ။ မြန်မာပြည်ကနေ http://gamezer.com/billiards/ ကို ၀င်ကစားချင်လို့ပါခင်ဗျာ။ ဘဂန် သုံး တာမဟုတ်ပါဘူး ။ အိုင်ပီစတား MPT သုံးတာပါ။

sanle said...

Continue anyway အတွက် firewall ရဲ့ message setting မှာ error ဘာပေးလဲ ကြည့်စေလိုပါတယ်။wireless connection ကြောင့်တော့ Network cable unplugged ဖြစ်ဘူး တယ်။ start\control panel\network connection မှာ wireless con. ကို disable လုပ်ပြီး local area connection \propertie \networking \(TCP/IPv4) ကိုရွေးတယ်။ properties ကို ဆက်သွားပြီး use the following ip address ကို check လုပ် IPaddress, subnet mask,Default Gateway, preferred DNS server, Alternate DNS server တို့ကိုဖြည့်ပါတယ်။ ဒါဆို Network cable unplugged ပျောက် သွားပါတယ်။ win key+r \cmd နဲ့ သွားပြီး ipconfig/all ရိုက်ရင်Ip address တွေ ရပါမယ်။ ဒါက ကျွန်တော့ အတွေ့အကြုံပါ။ သဘောခြင်း တူမယ် ထင်ပါတယ်။ http://www.ipstar.com/en/app_iva.htm ကလည်း အထောက် အကူ ပြုမယ် ထင်ပါတယ်။

heinandar said...

အစ်ကိုရေ အဆင်ပြေသွားပါပြီ။ ကျေးဇူးအရမ်းတင်ပါတယ်။ ကျနော် ဖရီးဒန်း latest နဲ့ open vpn ဗားရှင်း တစ်ဆင့်နိမ့်နဲ့ လုပ်လိုက်တာ အိုကေသွားပါတယ်။ ခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။