AT&T account failure

လာလည် ကြသူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီရက်တစ်ချို့တော့ ပိုစ့်အသစ် မတင်နိုင်သေးပါဘူးဗျာ။ Iphone 2.0 upgrade လုပ်လိုက်တာ activate ပြန်လုပ်ခိုင်းလို့ တန်းလန်းကြီး ရပ်နေတယ်။ DVD John ကလည်း version နိမ့်မှာသာ hack နိုင်သေးတော့ မရဲတရဲနဲ့ သူ့နည်းဟောင်းကိုဘဲ စမ်းရတော့မယ်။ ခု download တွေလုပ်နေရင်း ဒီအကြောင်းလေး စာစီ မိတာပါ။
ကူညီနိုင်သူရှိရင်လည်း ကူညီကြပါဦး။ အကြံဥာဏ် လမ်းညွှန်မှု လေးဘဲ ဖြစ်ဖြစ်ပေါ့။

Itune 7.7 နဲ့ Iphone 1.1.4 ကို online update လုပ်လိုက်ပါတယ်။ မူလ AT&T simcard နဲ့ activate ပြန်လုပ်ခိုင်းလာတယ်။ ပြသနာက credit card ဖြည့်စရာမရှိတော့ activate မရဖြစ်သွားတယ်။
ကွန်ပြူတာမှာလို format ချလို့ရမယ့်နည်းများ တွေ့မလားရှာရတာ အမောဘဲ။ Downgrade လုပ်နိုင်ဘို့လည်း ပြူးပြဲရှာနေတာဘဲ။ emergancy mode မှာဘဲရပ်နေတော့ ခက်သားလား။

ခု ms .net framework 2.0 နဲ့ itune 7.3.0.54 ကိုတင်ပြီး DVD John နည်းစမ်းကြည့်ဦးမယ်။
1.1.4 လည်းဒေါင်းလုဒ်လုပ်ထားတယ်။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ ဝေးတယ်။
new version က hack ရခက်အောင် လုပ်ထားမှာပေါ့။ ကိုယ့် ဖုန်း မဟုတ်တော့ သိပ်ကြာအောင် နေလို့ကမရတော့ ခေါင်းထဲ သန်းစွဲသလိုလို ဗောက်ထသလိုလို ဖြစ်နေတယ်။
Mac မှာ သုံးနိုင်တဲ့ နည်းတွေရှိရင်တော့ mac သမားရှာရဦးမယ်။ ဆရာ့ ဆရာ ကိုဟက်ကာတွေ ရှာပုံတော်ဖွင့်ရမှာမို့ ဒီရက်တော့ စာတွေ မရေးဖြစ်သေးဘူးထင်တယ်။

ဒီကိစ္စလေး မြန်မြန်ရှင်းလိုက်ဦးမယ်။ သိထားတာလေးတွေလည်း ပြောပေးကြပါဦး။

0 comments: