Read Full Magazines for Free on your Desktop

ဒီရက်ထဲ apple နဲ့ အကြောင်းပါ ရေစက်ရှိနေလားမသိဘူး။ Safari နဲ့ magazine တွေဖတ်လို့ရတဲ့ နည်းသွားတွေ့တယ်။ U.S News & World Report, Playboy, Penthouse, Saveur, Popular Photography, Mens Health, Kiplinger`s, Car and Driver, PC Magazine, Elle, Technology Review, Outside, Macworld, Esquire, NME, Macworld Espanyol, Lonely Planet, Reader`s Digest, Viv, Kinlinger`s, Popular Mechanic တွေ ဖရီး ဖတ်နိုင်တယ်။ Playboy တို့ Penthouse တို့လို adult magazine ဖတ်ဖို့ 18+ ပြသနာတော့ အနော်အပါဘူး :)

မဂ္ဂဇင်းတွေဖတ်ဖို့ Safari 3 ကို apple မှာ ဒေါင်းလုဒ်လုပ်ရပါမယ်။ Firefox မှာစမ်းတာ မရဘူး။ Safari က mac သမားတွေတော့ ရှိကြပြီးသားပါ။ IE,Opera တို့ထက်မြန်တယ်။
Safari install ပြီးရင် Edit\preferences\advanced ကိုသွားပြီး Show Develop menu in menu bar ကို အမှန်ခြစ်လေး ပေးလိုက်ပါ။

ဒါဆို Titile bar မှာ Develop ရောက်နေပါမယ်။
Develop\user agent\mobile safari 1..1.3-Iphone ကိုရွေးပေးပါ။

Address bar မှာ zino.com/iphone ရိုက်ပြီး enter ခေါက်လိုက်ရင် မဂ္ဂဇင်း 20 ပေါ်လာပါမယ်။

နှစ်သက်ရာ ကလစ်နှိပ်ပြီး သဘောရှိ ဖတ်နိုင်ပါပြီ။ တစ်ခုရှိတာက select လုပ်ပြီးရင် ပုံသေးလေးဘဲ ပေါ်ပါတယ်။ arrow key လေးနဲ့ pages တွေလှန်လှောပြီး လိုချင်တဲ့ စာမျက်နှာရောက်မှ ကလစ်ထက်ခေါက်ရင် ပုံကြီးပေါ်လာပါမယ်။ စဆုံးကြည့်မယ် ဒေါင်းလုဒ် လုပ်မယ် ပရင့်ထုတ်မယ် ဆိုရင်တော့ မျက်နှာဖုံး ပုံသေးကို ပုံကြီးချဲ့ပြီး contents ရှေ့က arrow key လေးနဲ့ သွားရုံပေါ့။ resolution လည်းကောင်းတယ်။ ကွန်နက်ရှင် မကောင်းရင်တော့ reload လေးနဲ့ ပြန်ခေါ်ပေးပေါ့။

ကဲ ကမ္ဘာကြီး ဘာတွေ ပြောင်းလည်း တိုးတက် လာသလဲ မြန်ဆန် လွယ်ကူစွာ လေ့လာနိုင်ကြပါပြီ။.

1 comments:

Republic said...

ပို့စ် အသစ်တွေ့လို့ လာဖတ်တာပါ၊၊ မျှဝေတာကျေးဇုး ဗျာ ၊၊