By pass for stop! access denied ( 1 )

အချို့သော website များသည် အများပြည်သူ ကြည့်ရှုရန် မသင့်လျှော်ရ်ျ သက်ဆိုင်ရာ ISP မှ blocked လုပ်ထားတတ်ကြသည်။
www.youtube.com တွင် နည်းပညာ၊လေ့လာစရာ၊ရယ်မောစရာ အခြားများစွာသော အုပ်စုကွဲများဖြင့် ဗီဒီယိုပြကွက်များ အခမဲ့ လွှင့်တင်၊ကူးယူကြည့်ရှုခွင့်ပြုထားသည်။
အချို့ ဗီဒီယိုပြကွက်များမှာ အများပြည်သူ ကြည့်ရှုရန် မသင့်လျှော်ရ်ျ သက်ဆိုင်ရာ ISP မှ webတစ်ခုလုံး ဘန်းလိုက်ရသည်။
သို့သော် နည်းပညာ၊လေ့လာစရာ၊ရယ်မောစရာ များကို ကြည့်ရှုကူးယူနိုင်သော နည်းလမ်းအချို့တော့ရှိပါသည်။
မိမိကိုယ်တိုင်နှင့် အခြားသူများပါ မထိခိုက်စေသော ကိစ္စရပ်များအတွက်သာ အသုံးပြုသင့်ပါသည်။
အောက်ပါနည်းလမ်းများကို သိမှီသမျှ စုဆောင်းထားမိပါသည်။

1.Web proxy
http://proxy.org/ က်ျဆိုဒ်တွင် webproxy ပေါင်း 20000 ခန့်စုစည်းထားပါသည်။
အကောင်းဆုံးတို့သည် အမြဲတမ်းပြောင်းလည်းနေရ်ျ up to date ရွေးချယ်ပေးထားသည်များကို အစဉ် ဂရုပြုကြည့်သင့်သည်။
webproxy နှင့်ပတ်သက်လျှင် အတော်အတန်ပြည့်စုံသော ဆိုဒ်လေးဖြစ်သည်။URL box တွင် မိမိသွားလိုသော လိပ်စာကိုရိုက်ရ်ျ GO ကိုနှိပ်ရုံဖြင့် ramdom proxy ဖွင့်ယူနိုင်သည်။
မိမိနှင့်သင့်တော်ရာ နှစ်သက်ရာ proxy ကို ကလစ်လုပ် ရွေးချယ်နိုင်ပါသေးသည်။
အားနည်းချက်မှာ connection speed ကျသွားခြင်းပင်။ တစ်ဆင့်ခံတို့ဧ။် သဘောပါ ။ ။

2.Google translater
http://www.google.com/language_tools?hl=en
၎င်း ဆိုဒ်မှ ဘာသာပြန် web page box ကို အသုံးပြုခြင်းပါ။
Translate webpage box တွင် မိမိသွားလိုသော လိပ်စာကိုရိုက်ပါ။ပြီးနောက် နှစ်သက်ရာ ဘာသာစကား တစ်ခုခုကိုရွေးပါ။
translate ကိုနှိပ်ပြီး သွားခြင်းပင်။ပုံများနှင့်ဗီဒီယိုဖိုင် များအတွက် သင့်လျှော်ပါတယ်။
သူ့အားနည်းချက်က ထို web ရဲ့ စာများဖတ်ရန် ဘာသာစကား ပြောင်းလည်းနေလို့ မျက်စိနောက်ရတာပါ။

3.IP Address
http://www.hcidata.info/host2ip.htm
ဒီဆိုဒ်မှာ hostname to ip and ip to host name ပြောင်းပေးပါတယ်။
ဆိုလိုတာက မိမိသွားလိုသော လိပ်စာဟာ ip နဲ့လဲ ဖွင့်လို့ရတာကိုပါ။
သွားလိုသောလိပ်စာကို host name box မှာရိုက် ပြီးရင် ip ကို copy/paste လုပ်ပြီး ဒိုးပေါ့။
အားနည်းချက်ကတော့ အချို့ဆိုဒ်ကို ip ပါ ဘန်းထားတာကို ကြုံရတယ်။

4.Google cached
Google/yahoo search engine မှာ ရှာရင် URL ဘေးမှာ cached ဆိုတာတွေ့နေကြပါ။
အဲဒီ cached လေးကလစ်လုပ်ပြီး သွားလဲရပါတယ်။
အားနည်းတာက အဲဒီ webpaqge ကနေ တခြား webpages ကူးရင် block ပြန်ဖြစ်သွားတတ်တယ်။
one page ဘဲ အဆင်ပြေတတ်တယ်။

5.Proxy application
မိမိကွန်ပြူတာမှာ proxy software run ပြီးသုံးတာပါ။
ဆော့ဖ်ဝဲလ် နှစ်ခုတော့ သိထားတယ်။

ပထမက ။ ။ www.your-freedom.net
အရင်ကတော့ အသုံးများခဲ့ပါတယ်။
free user တောင် account ရှိရတယ်။64k limited လုပ်ထားတယ်။
java run time ရှိရသလို version က out of date ဖြစ်မြန်တယ်။
dialup သမားတွေအတွက် မဆိုသာပေမယ့် dsl တွေတော့ စိတ်မရှည်စရာပါ။
foreign money သွင်းနိုင်ပြီး unlimited သုံးနိုင်သူတွေတော့ တစ်မျိုးပေါ့။
online game တောင် ကစားနိုင်တယ်။အခြား စွမ်းရည်တွေလဲ ရလာမှာကိုး။

ဒုတိယက ။ ။ Ultrasurf
http://www.wujie.net/downloads/ultrasurf/u.zip အဲဒီမှာ ဒေါင်းလုဒ်ဆွဲ free ပေးတယ်။
ဖိုင်က 140k မပြည့်ဘူး။ Option/proxy setting မှာ ကိုယ့်ရဲ့ host n port ရိုက် OK ပေါ့။
နှစ်သက်တာက ဖိုင်နေရာမယူဘူး။ desktop မှာတင် ကလစ်လုပ်သုံးနေရုံဘဲ။
အားနည်းသေးတာက failler ဖြစ်ပြီးရင် restart con. ပြန်မလုပ်ပေးဘူး။ con. down ချိန်မျိုးမှာ ဂရုစိုက်ရတာပေါ့။

အခြားနည်းတွေလည်း ရှိပါသေးတယ်။ ဒီ ၅ခုနဲ့တောင် အတော်လေး အဆင်ပြေစေပါတယ်။

0 comments: